လီဗာပူးလ္ နည္းျပ ကေလာ့ပ္ကေတာ့ (၇) ရက္အတြင္းမွာ ပဲြစဥ္ အမ်ားႀကီး ကစားမွာ ျဖစ္ေတာ့ ပရီးမီးယားလိဂ္ ျပိဳင္ပဲြမွာ ရမွတ္ ဘယ္ႏွစ္ ျဖတ္ေနလဲဲ ဆုိတာကုိ ေမ့ေနခဲ့ၿပီး ျပန္ေမးခဲ့ရတယ္လုိ႔ အခုိင္အမာ ေျပာဆုိသြားပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ မေန႔ည၊ ပဲြစဥ္မွာ ဝုဗ္လ္အသင္းကုိ (၂-၀) နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၃) ပဲြ ကစားၿပီးသြားတဲ့ အခ်ိန္မွာ (၁) ပဲြမွ မရႈံးေသးဘဲ ရမွတ္ (၁၆) မွတ္ျဖတ္ၿပီး ဇယားထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။

Photo Credit: Goal

လီဗာပူးလ္အသင္းဟာ လာမယ့္ (၇) ရက္အတြင္းမွာ ပဲြစဥ္ (၃) ပြဲ ကစားရမွာ ျဖစ္ၿပီး အက္ဖ္ေအ ဖလား စတုတၳအဆင့္ ပဲြစဥ္ (၁) ပဲြ နဲ႔ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂) ပဲြ ကစားဖုိ႔ ရွိတာေၾကာင့္ နည္းျပ ကေလာ့ပ္က ပဲြၾကပ္ေနတယ္လုိ႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ပဲြစဥ္မွာ ေတာင္ပံ ကစားသမား မာေနး ဒဏ္ရာ ရခဲ့တာေၾကာင့္ ေရွ႕တန္း အထိနာခဲ့ရၿပီး နည္းျပ ကေလာ့ပ္အေနနဲ႔ လာမယ့္ ပဲြစဥ္ေတြမွာ ဘယ္လုိ ပဲြထြက္လာမလဲ ဆုိတာ ေစာင့္ၾကည့္ရမွာပါပဲ။

Photo Credit: Goal

လီဗာပူးလ္ နည္းျပ ကေလာ့ပ္က “ဖိအားက ဘယ္ႏွစ္မွာ ပုိမ်ားမလဲ။ ဒီႏွစ္ျဖစ္မလား၊ ဒါမွမဟုတ္ မႏွစ္ကျဖစ္မလား။ လူေတြက ဒါကုိ ေတြးၾကတယ္။ ကြ်န္ေတာ္ေတာ့ ဒီအေၾကာင္း မေတြးပါဘူး။ ကြ်န္ေတာ္တုိ႔ ဘယ္ႏွစ္မွတ္ျဖတ္ေနၿပီလဲ ဆုိတာ ကြ်န္ေတာ္ ျပန္ေမးရပါတယ္။ ဒါက အမွန္ပါပဲ။ ကြ်န္ေတာ္ ဒီအပတ္မွာ ဒါကုိ ေမ့ေနခဲ့တယ္။ ပဲြစဥ္ေတြ အရမ္းမ်ားေနလုိ႔ပါပဲ။ အဲဒီ အေၾကာင္းကုိ ကြ်န္ေတာ္ မေတြးမိခဲ့ဘူး။ (၇) ရက္မွာ (၃) ပဲြ ကစားရမွာဟာ ပဲြၾကပ္ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ (၇) ရက်အတွင်းမှာ ပွဲစဉ် အများကြီး ကစားမှာ ဖြစ်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် ဘယ်နှစ် ဖြတ်နေလဲ ဆိုတာကို မေ့နေခဲ့ပြီး ပြန်မေးခဲ့ရတယ်လို့ အခိုင်အမာ ပြောဆိုသွားပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ မနေ့ည၊ ပွဲစဉ်မှာ ဝုဗ်လ်အသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ပွဲ ကစားပြီးသွားတဲ့ အချိန်မှာ (၁) ပွဲမှ မရှုံးသေးဘဲ ရမှတ် (၁၆) မှတ်ဖြတ်ပြီး ဇယားထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ လာမယ့် (၇) ရက်အတွင်းမှာ ပွဲစဉ် (၃) ပွဲ ကစားရမှာ ဖြစ်ပြီး အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပွဲစဉ် (၁) ပွဲ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ ကစားဖို့ ရှိတာကြောင့် နည်းပြ ကလော့ပ်က ပွဲကြပ်နေတယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ တောင်ပံ ကစားသမား မာနေး ဒဏ်ရာ ရခဲ့တာကြောင့် ရှေ့တန်း အထိနာခဲ့ရပြီး နည်းပြ ကလော့ပ်အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ဘယ်လို ပွဲထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Photo Credit: Goal

လီဗာပူးလ် နည်းပြ ကလော့ပ်က “ဖိအားက ဘယ်နှစ်မှာ ပိုများမလဲ။ ဒီနှစ်ဖြစ်မလား၊ ဒါမှမဟုတ် မနှစ်ကဖြစ်မလား။ လူတွေက ဒါကို တွေးကြတယ်။ ကျွန်တော်တော့ ဒီအကြောင်း မတွေးပါဘူး။ ကျွန်တော်တို့ ဘယ်နှစ်မှတ်ဖြတ်နေပြီလဲ ဆိုတာ ကျွန်တော် ပြန်မေးရပါတယ်။ ဒါက အမှန်ပါပဲ။ ကျွန်တော် ဒီအပတ်မှာ ဒါကို မေ့နေခဲ့တယ်။ ပွဲစဉ်တွေ အရမ်းများနေလို့ပါပဲ။ အဲဒီ အကြောင်းကို ကျွန်တော် မတွေးမိခဲ့ဘူး။ (၇) ရက်မှာ (၃) ပွဲ ကစားရမှာဟာ ပွဲကြပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။