လီဗာပူး အသင်းအနေနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၄ မှာ အတ္တလန်တာ အသင်းကို အိမ်ကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ် ကတော့ ပွဲအပြီးမှာ သူ့ရဲ့ လူငယ် ကစားသမားတွေ အချို့အနေနဲ့ ရုန်းကန် ခဲ့ရကြောင်း ဝန်ခံပြောဆိုလိုက်ပြီးတော့ လီဗာပူး အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အတ္တလန်တာ အသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် သုံးရက်တောင်မပြည့်သေးတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန် နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်တာကြောင့် နည်းပြ ဂျာဂျန်ကလော့ပ် ကတော့ သူ့အသင်းရဲ့ ပွဲစဉ်အချိန်ဇယားကို “ ပြစ်မှု တစ်ခု ” လိုပဲ‌လို့ ခေါ်ဆိုလိုက်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်းအနေနဲ့ ၁၂ ရက် အတွင်းမှာ ၄ ပွဲကစားခဲ့ရပြီးတော့ နောက်ဆုံး သုံးပွဲမှာ တစ်ပွဲသာလျှင် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကလော့ပ် ကတော့ အဆိုပါ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကစားသမားတွေ ဒဏ်ရာ မရရှိခဲ့တဲ့ အပေါ်ကို အခုလို ပြောဆိုလာပါတယ်။ “ ကစားသမားတွေ ဒဏ်ရာ ရမှာကို စိုးရိမ်နေတာက ကျွန်တော်တို့ တစ်သင်းတည်းသာမက အခြားအသင်းတွေလည်း အလားတူ စိုးရိမ်နေကြမယ်လို့ ထင်တယ်။ ခင်ဗျား အနေနဲ့ ကျွန်တော်တို့ကို စနေနေ့ည ၁၂:၃၀ မှာ ကစားခိုင်းနေတာက အမှန်တိုင်းပြောရရင် ပြစ်မှု တစ်ခု နီးနီးပဲ။ ဒီနေ့ည ကစားပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခု ကျွန်တော်ရဲ့ တစ်ခုတည်းစိတ်ဝင်စားမှုက ဘယ်ကစားသမားမှ ဒဏ်ရာ မရတဲ့ အတွက် ကျွန်တော် လက်မထောင်နိုင်တာပါပဲ။ ကောင်လေးတွေက ရှုံးပွဲနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပြီးတော့ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါပေမယ့် အမှန်တိုင်းပြောရရင် ကျွန်တော်တို့မှာ အဲ့ဒါ အတွက် အချိန်မရှိပါဘူး ”

Photo Credit: Sky Sports

ကလော့ပ် အနေနဲ့ အတ္တလန်တာ နဲ့ ပွဲစဉ်မှာ လူငယ်ခံစစ်ကစားသမား အများအပြားကို ရွေးချယ် အသုံးပြုခဲ့ပြီးတော့ ကစားသမားတွေ အနေနဲ့ ရုန်းကန်ခဲ့ရကာ ကစားပုံ ပုံစံကောင်းကို မရှာဖွေနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ကလော့ပ် ကတော့ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ကစားပွဲရဲ့ ပြင်းထန်မှုကြောင့် ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ “ နှစ်သင်းလုံးက သွင်းဂိုးတွေ မရခင်အချိန်ထိ အခွင့်အရေးတွေ များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး။ ဒိုင်လူကြီးကြောင့်လည်း ကစားပွဲက အတော်လေး အရှိန်မြင့်ခဲ့တယ်။ သူ ဝီစီ ကို အများကြီး မမှုတ်ခဲ့ဘူး။ အဲ့ဒါက နှစ်သင်းလုံးအတွက် အတော်လေး ခက်ခဲစေခဲ့ပါတယ်။ အဲ့ဒါက ကောင်လေးတွေ အတွက် မယုံနိုင်စရာ ကောင်းလောက်တဲ့ ပြင်းထန်မှုပဲ။ ခင်ဗျား အနေနဲ့ တစ်ခါ နှစ်ခါ လောက်တော့ နားဖို့ လိုအပ်တယ်လေ။ ကျွန်တော်တို့အနေနဲ့ ကစားသမား ၅ ယောက်လောက် အပြောင်းအလဲ လုပ်ခဲ့တာကြောင့် ကစားပုံကို ထိခိုက်စေတယ်။ ဒါပေမယ့် အဲ့ဒါက သာမန်ပါပဲ။ ပထမပိုင်းတစ်ပိုင်း ကုန်ဆုံးသွားတဲ့ အခါမှာ နည်းနည်းတော့ အဆင်ပြေသွားပေမယ့် ပွဲထွက်ကစားခွင့် သိပ်မရတဲ့ ကစားသမားတွေ အတွက်တော့ အဲ့ဒါက ပြင်းထန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကစားပွဲထဲမှာ အခွင့်အရေး ကောင်းတွေ မဖန်တီး နိုင်ခဲ့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။