MySport Myanmar

ဘရိုက်တန်ရဲ့ ပထမဂိုးမှာ သူက ပြစ်ဒဏ် ကျူးလွန်ခံခဲ့ရတယ်လို့ ခီဗီယော ဆို

အာဆင်နယ် နောက်ခံ ကစားသမား ယာကုခီဗီယောက မနေ့ည ပွဲစဉ်အတွင်း ဘရိုက်တန်အသင်းရဲ့ အဖွင့်ဂိုးမှာ သူ ပြစ်ဒဏ် ကျုးလွန်ခံခဲ့ရပြီး ခြေထောက်ကို နင်းခံရသလို ခံစားမိခဲ့ရတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

တစ်ဖက်က မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို ဂွတ်ဒီဆင်ပတ်ခ်မှာ (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ အာဆင်နယ် ကစားသမားတွေအနေနဲ့ mental ပိုင်းမှာ အနည်းလေး ယုံကြည်ချက် နည်းနေသလို ဖြစ်နေပြီး ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ ဘရိုက်တန်ရဲ့ ပါရာဂွေး ဆယ်ကျော်သက် ကစားသမား အန်စီဆိုကပါ အသင်းအတွက် အဖွင့်ဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ အန်စီဆိုအနား ရှိနေတဲ့ အာဆင်နယ် နောက်ခံလူခီဗီယောက ဖိနပ်ကျွတ်သွားသလို ဖြစ်သွားရာကနေ ဟန်ချက်ပျက်သွားခဲ့တာကြောင့် အန်စီဆိုကို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခိုင်းလိုက်သလို ဖြစ်သွားပြီး သွင်းဂိုးပါ ခွင့်ပြုလိုက်ရပါတယ်။

Photo Credit : Daily Mail

ဒီဂိုးနဲ့ ပတ်သက်ပြီး ခီဗီယောက “ကျွန်တော် ထိခိုက်မိပြီး ကျွန်တော့် ဖိနပ်လည်း ကျွတ်သွားခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ ဂိုးသွားတာတောင် မမြင်လိုက်မိတော့ဘူး။ VAR က ဒီဂိုးကို ပြန်လည် သုံးသပ်ပြီး ပယ်ဖျက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဒိုင်လူကြီးက ဒီကိစ္စရပ်အပေါ်က အမြင်တစ်မျိုး ရှိခဲ့ပုံပါပဲ။ ဆက်လက်ပြီး ဒုတိယဂိုး ခွင့်ပြုလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ စိတ်ဓါတ်ကျသွားပြီး ပြန်မလာနိုင်တော့ပါဘူး” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီဂိုးနဲ့ ပတ်သက်ပြီး Sky Sports ရုပ်သံရဲ့ pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဖီးလ်က “ဗဟိုခံစစ်မှူးတစ်ဦးအနေနဲ့ဆိုရင် မင်းက မတ်မတ်ရပ်ပြီး တိုက်စစ်ဆင်မှုကို အဆုံးသတ်အောင် လုပ်ဆောင်နိုင်ရမယ်” ဆိုပြီး ဝေဖန် ပြောဆိုသွားခဲ့သလို အာဆင်နယ် ကစားသမားဟောင်းကြီး ဗီယာရာကလည်း ခီဗီယောကို ဖာဂူဆန်က foul ကျူးလွန်ခဲ့တာမျိုး မဟုတ်ပဲ ဒီတိုင်းသာ ထိမိသွားတာဖြစ်လို့ ဂိုးက ခွင့်ကို ခွင့်ပြုရလိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version