MySport Myanmar

စီနီယာ ကစားသမားဘဝထဲ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ ကိုးမန်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်စလေ ကိုးမန်းကတော့ သူရဲ့ စီနီယာ ကစားသမားဘဝအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေး ချန်ပီယံဆုဖလားနဲ့ လွဲချော်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဘယ်တောင်ပံကစားသမား ကိုးမန်းဟာ ပီအက်စ်ဂျီ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ယူခဲ့ရင်း ၂၀၁၃ခုနှစ်မှာပဲ ပီအက်စ်ဂျီ စီနီယာအသင်းကြီးအတွက် စတင် ကစားခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Daily Mail

တကယ်တော့ ကိုးမန်းဟာ ပီအက်စ်ဂျီမှာ ပွဲနည်းနည်းလေးသာ ကစားခဲ့ရတာ ဖြစ်ပေမယ့် အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ရတာကြောင့် ၂၀၁၂-၁၃ ၂၀၁၃-၁၄ ဘောလုံးရာသီ (၂)ခုလုံးမှာ ပြင်သစ် လီဂူးဝမ်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့ရပါတယ်။

အဲ့ဒီကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် (၂)ရာသီဆက်တိုက် စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးခဲ့ပြန်ပါတယ်။ နောက်ပြီး ဂျုဗင်တပ်စ်ကနေ ဘိုင်ယန်ဆီ (၂)ရာသီအငှား အပြီးသတ် ပြောင်းရွှေ့ခဲ့ချိန်မှာလည်း ကိုးမန်းက အမှတ်ပေး ချန်ပီယံဆုတွေနဲ့ ထပ်မံ ကံစပ်ခဲ့ပြန်ပါတယ်။

Photo Credit : Allsportztv

ဘိုင်ယန်လို ဂျာမန်ဘီလူးကြီးဆီ ရောက်ရှိသွားချိန်မှာလည်း ကိုးမန်းက ၂၀၁၅-၁၆ ဘောလုံးရာသီကနေ စတင်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီအထိ (၈)ရာသီဆက်တိုက် ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံဆုဖလားကို တောက်လျှောက် ဆွတ်ခူးခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ကိုးမန်းရဲ့ (၁၃)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးနိုင်မယ့် မှတ်တမ်းကနေ လွဲချော်သွားခဲ့ရပြီး ဒါက အသင်းမှာ ဘယ်လိုမှ အဆင်မပြေတဲ့ နည်းပြ တူဟယ်လ်ကိုပဲ အပြစ်တင်ရမလား ဒါမှမဟုတ် ဆုဖလားတွေနဲ့ လုံးဝ ကံမစပ်တဲ့ ဟယ်ရီကိန်းရဲ့ ဖလားလက်မဲ့ ကျိန်စာကြောင့်ပဲ ဖြစ်နိုင်မလားဆိုတာကတော့…။

Exit mobile version