တော့တင်ဟမ်ဟော့စပါးနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂိုအွန်းတို့ တွဲနေကြပြီဆိုသော သတင်းတွေကို မင်းသမီး ကင်ဂိုယွန်းရဲ့ အေဂျင်စီဘက်ကနေ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : AllKpop

တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ လူနှစ်ဦး ချစ်ကြိုက်နေကြပြီဆိုတဲ့ ကောလဟာလသတင်းတွေဟာ အွန်လိုင်းအသိုင်းအဝိုင်းမှာ မကြာသေးခင်ကပဲ စတင် ပျံ့နှံလာခဲ့တာဖြစ်ပါတယ်။ ကင်ဂိုအွန်း follow လုပ်ထားတဲ့ private instagram account တစ်ခုဟာ ဆွန်ဟောင်မင်ရဲ့ private account တစ်ခုဖြစ်တယ်လို့ ထင်ကြေးပေးခဲ့ရာကနေ ဂိုအွန်းနဲ့ ဆွန်ဟောင်မင်တို့ လူမသိသူမသိ ချစ်ကြိုက်နေကြတယ်ဆိုတဲ့ သတင်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ကာတာကမ္ဘာ့ဖလား ကာလအတွင်းမှာလည်း ဂိုအွန်းက တောင်ကိုရီးယားအသင်းကို အားပေးခဲ့ကြောင်းကိုပါ သူမရဲ့ instagram stories တွေမှာ ဖော်ပြထားတာကြောင့် ဆွန်နဲ့ဂိုအွန်းတို့ကြားမှာ တစ်ခုခု ရှိနေမယ်လို့ ယူဆလာကြတာ ဖြစ်ပါတယ်။

Photo Credit : King Choice

ဒါပေမယ့် ဂိုအွန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ကောလဟာလက လုံးဝ မဟုတ်ပါကြောင်းနဲ့ သူတို့နှစ်ယောက်ဟာ လုံးဝတောင် တွေ့ဆုံဖူးခြင်းတောင် မရှိကြောင်း ဂိုအွန်းက တောင်ကိုရီးယား ဘောလုံးအသင်းကို အားပေးတဲ့ ကိုရီးယားနိုင်ငံသားတစ်ဦးသာဖြစ်ပြီး ကမ္ဘာ့ဖလား ကာလအတွင်းမှာလည်း တောင်ကိုရီးယားအသင်းကို အလွန် အားပေးခဲ့ခြင်းသာဖြစ်ကြောင်း ဂိုအွန်းအေဂျင်စီက ပြန်လည် ရှင်းလင်းလာခဲ့ပါတယ်။ ဒါ့အပြင် လူအများက ဆွန်ဟောင်မင်ရဲ့ private instagram account လို့ ထင်နေရတဲ့ instagram account ဟာလည်း ရုပ်ရှင်မင်းသမီး ဂျန်ဟူအီယောင်းရဲ့ account သာဖြစ်ကြောင်း ဟူအီယောင်းကိုယ်တိုင်က ပြောဆိုထားခဲ့ပြီး သူမရဲ့ account ကို hack ခြင်း မပြုလုပ်ဖို့ပါ မေတ္တာရပ်ခံထားခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ ကိုရီးယား မင်းသမီးချောလေး ဂိုအွန်းဟာ Goblin အမည်ရ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိလာခဲ့သူဖြစ်ပြီး The King: Eternal Monarch / Yumi’s Cell / Little Women ဇာတ်လမ်းတွဲနဲ့လည်း ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Hero ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မှာ ဖြစ်သလို လာမယ့် နှစ်မှာ ပြသသွားမယ့် The Unearthed Grave အမည်ရ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားမှာလည်း ပါဝင်ထားပါသေးတယ်။