မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ကယ်လ်ဗင်ဒီဘရိုင်းနားဟာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ ရရှိထားတဲ့ တံကောက်ကြော ဒဏ်ရာကြောင့် မန်စီးတီးရဲ့ ရာသီအစ ပွဲစဉ်တချို့ကို လွဲချော်သွားရတော့မယ်လို့ သိရှိရပါတယ်။
Photo Credit : CBS Sports
ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းနားဟာ မန်စီးတီး နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်မှာပဲ စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနားက တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်မကစားနိုင်တော့ပဲ လူစားပါ လဲခဲ့ရပါတယ်။ ဒီဒဏ်ရာကို သက်သာ ပျောက်ကင်းစေနိုင်ဖို့အတွက် ဒီဘရိုင်းနားဟာ အာဆင်နယ်နဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ဘန်လေနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲကိုပါ လွဲချော်ရနိုင်ပြီး ဆီဗီလာနဲ့ ကစားရမယ့် ဥရောပ စူပါဖလားပွဲမှသာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : CNN
အသက် (၃၁)နှစ်အရွယ်ရှိ Assist King ကြီး ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းကို သမိုင်းဝင် အောင်မြင်မှုကြီးတစ်ခုဖြစ်တဲ့ Treble Champions ဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး တစ်ရာသီအတွင်းမှာပဲ ပြိုင်ပွဲစုံ (၄၉)ပွဲကစား (၁၀)ဂိုးသွင်း (၃၁)ဂိုးအထိကို ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဂိုးပါဝင်ပတ်သက်မှု (၂၅)ဂိုးအထိ လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီဘရိုင်းနားဟာ လာမယ့် ဘောလုံးရာသီထဲ မန်စီးတီးနဲ့အတူ ဥရောပစူပါဖလား နဲ့ ကလပ်ကမာ္ဘ့ဖလားတို့ကို ရယူပြီး မန်စီးတီးမှာ ရယူနိုင်သမျှ ဆုဖလားအားလုံး ရယူထားနိုင်တော့မှာပဲ ဖြစ်ပါတယ်။