မန္စီးတီး ကြင္းလယ္ ကစားသမား ဒီဘရႈိင္းကေတာ့ မန္ယူအသင္းကို (၃-၁) နဲ႔ အႏုိင္ရသြားခဲ့တဲ့ ပဲြစဥ္အတြက္ False (9) ကစားကြက္ကုိ အသုံးျပုဖုိ႔ မနက္ပုိင္းမွာ (၁၅) မိနစ္ပဲ ျပင္ဆင္ခဲ့တယ္လုိ႔ အခုိင္အမာ ေျပာဆုိသြားခဲ့တာပဲ ျဖစ္ပါတယ္။ မန္စီးတီး နည္းျပ ဂြါဒီယုိလာဟာ မန္ယူအသင္းကုိ အႏုိင္ရရွိခဲ့တဲ့ ပဲြစဥ္မွာ (၄-၃-၃) ကစားကြက္ကုိ ခင္းက်င္း အသုံးျပဳခဲ့ၿပီး ကြင္းလယ္ ကစားသမား ဘာနာလ္ဒုိ ေဆးလ္ဗားကုိေတာ့ False (9) ေနရာမွာ ပဲြထြက္ ကစားသြားေစခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Skysports

ဘာနာလ္ဒုိ ေဆးလ္ဗားဟာ False (9) ေနရာမွာ ပြဲထြက္ ကစားလာခဲ့ၿပီး ပဲြကစားခ်ိန္ (၁၇) မိနစ္ အေရာက္မွာ မန္စီးတီးအသင္းအတြက္ အဖြင့္ဂုိး သြင္းယူေပးခဲ့သလုိ၊ ပဲြကစားခ်ိန္ (၃၃) မိနစ္မွာ အသင္းေဖာ္ မာရက္စ္အတြက္ ဂုိးဖန္တီးေပးခဲ့ပါတယ္။ ကြင္းလယ္လူ ဒီဘရႈိင္းက မန္ယူအသင္းနဲ႔ ကစားမယ့္ ပဲြစဥ္အတြက္ False (9) ကစားကြက္ကုိ (၁၅) မိနစ္သာ ျပင္ဆင္ခဲ့ေၾကာင္း၊ False (9) ကစားကြက္ကုိ အေျခခံၿပီး ေလ့က်င့္ေရး မဆင္းခဲ့ေၾကာင္း အတိသလင္ ေျပာျပသြားခဲ့ပါတယ္။

Photo Credit: Skysports

ဒီဘရႈိင္းက “ကြ်န္ေတာ္တုိ႔ False (9) ကစားကြက္ကုိ မနက္ပုိင္းမွာ (၁၅) မိနစ္ပဲ ျပင္ဆင္ခဲ့တယ္။ အဲဒီေလာက္ပါပဲ။ ကြ်န္ေတာ္တုိ႔ False (9) ကစားကြက္ကုိ ေလ့က်င့္ေရးမဆင္းခဲ့ပါဘူး။ ဒါေပမဲ့ ဒီကစားကြက္နဲ႔ အရင္က တစ္ႀကိမ္မွ မကစားဖူးတာေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ ကာဒစ္ဖ္၊ မန္ယူ၊ ဘာစီလုိနာနဲ႔ အေဝးကြင္း စတဲ့ ပြဲစဥ္ေတြမွာ ဒီကစားကြက္နဲ႔ ကစားခဲ့တယ္။ နည္းျပ ပက္ ဂြါဒီယိုလာ စေရာက္ခါစ ပထမႏွစ္မွာ ဒီကစားကြက္နဲ႔ ကစားခဲ့ဖူးပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

မန်စီးတီး ကွင်းလယ် ကစားသမား ဒီဘရှိုင်းကတော့ မန်ယူအသင်းကို (၃-၁) နဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲစဉ်အတွက် False (9) ကစားကွက်ကို အသုံးပြုဖို့ မနက်ပိုင်းမှာ (၁၅) မိနစ်ပဲ ပြင်ဆင်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ မန်ယူအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ (၄-၃-၃) ကစားကွက်ကို ခင်းကျင်း အသုံးပြုခဲ့ပြီး ကွင်းလယ် ကစားသမား ဘာနာလ်ဒို ဆေးလ်ဗားကိုတော့ False (9) နေရာမှာ ပွဲထွက် ကစားသွားစေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Skysports

ဘာနာလ်ဒို ဆေးလ်ဗားဟာ False (9) နေရာမှာ ပွဲထွက် ကစားလာခဲ့ပြီး ပွဲကစားချိန် (၁၇) မိနစ် အရောက်မှာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို၊ ပွဲကစားချိန် (၃၃) မိနစ်မှာ အသင်းဖော် မာရက်စ်အတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ကွင်းလယ်လူ ဒီဘရှိုင်းက မန်ယူအသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွက် False (9) ကစားကွက်ကို (၁၅) မိနစ်သာ ပြင်ဆင်ခဲ့ကြောင်း၊ False (9) ကစားကွက်ကို အခြေခံပြီး လေ့ကျင့်ရေး မဆင်းခဲ့ကြောင်း အတိသလင် ပြောပြသွားခဲ့ပါတယ်။

Photo Credit: Skysports

ဒီဘရှိုင်းက “ကျွန်တော်တို့ False (9) ကစားကွက်ကို မနက်ပိုင်းမှာ (၁၅) မိနစ်ပဲ ပြင်ဆင်ခဲ့တယ်။ အဲဒီလောက်ပါပဲ။ ကျွန်တော်တို့ False (9) ကစားကွက်ကို လေ့ကျင့်ရေးမဆင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီကစားကွက်နဲ့ အရင်က တစ်ကြိမ်မှ မကစားဖူးတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကာဒစ်ဖ်၊ မန်ယူ၊ ဘာစီလိုနာနဲ့ အဝေးကွင်း စတဲ့ ပွဲစဉ်တွေမှာ ဒီကစားကွက်နဲ့ ကစားခဲ့တယ်။ နည်းပြ ပက် ဂွါဒီယိုလာ စရောက်ခါစ ပထမနှစ်မှာ ဒီကစားကွက်နဲ့ ကစားခဲ့ဖူးပါတယ်”လို့ ပြောသွားခဲ့ပါတယ်။