မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းဟာ အွန်လိုင်းမှာ Sportsmail ကလောင်ရှင် ဂျက်မီ ရက်နက်နဲ့ အကောင်းဆုံး အသင်းအကြောင်းကို ဆွေးနွေးသွားခဲ့တဲ့ အချိန်မှာ တိုက်စစ်မှူး တစ်ယောက်နဲ့ အတူ တွဲကစားချင်တယ်လို့ ပြောပြီး တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဂျက်မီ ရက်နက်က ဒီဘရှိုင်းကို ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ အင်နီယေစတာ၊ ဇာဗီတို့နဲ့ အတူ ကွင်းလယ်မှာ (၃) ယောက်တွဲ ကစားတာ မြင်ချင်တယ်လို့ ပြောခဲ့ပြီး ဒီဘရှိုင်းကတော့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းဟာ လက်ရှိ အချိန်မှာတော့ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင် အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယား လိဂ် ပွဲစဉ် (၂၆) ပွဲ ကစားထားပြီးရာမှာ သွင်းဂိုး (၈) ဂိုးအထိ သွင်းယူထားတာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဒီဘရှိုင်းကတော့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ သူ့ကို နည်းပြပေးခဲ့ဖူးတဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဟင်နာရီလို တိုက်စစ်မှူး နဲ့ တွဲကစားချင်သလို ဂျုဗင်တပ် နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့လည်း တွဲကစားချင်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ၤFootball Daily Podcast မှာ ဒီဘရှိုင်းက “ကျွန်တော် တိုက်စစ်မှူးတွေနဲ့ တွဲကစားချင်ပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာ ကျွန်တော့်ကို နည်းပြခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဟင်နာရီလို ကစားသမားမျိုးနဲ့ တွဲကစားချင်ပါတယ်။ ရော်နယ်ဒိုလို ကစားသမားနဲ့လည်း တွဲကစားချင်ပါတယ်။ ကျွန်တော်က ကွင်းလယ် ဖန်တီးရှင် ဖြစ်တော့ ရော်နယ်ဒိုနဲ့ လိုက်ဖက်မှု ရှိနိုင်တယ်။ ဒီတော့ ကျွန်တော် လျှင်မြန်တဲ့ ကစားသမားတစ်ဦးနဲ့ တွဲကစားချင်ပြီး ကျွန်တော့်ကို အကူအညီ များစွာ ဖြစ်စေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ဘောလုံး ကစားတဲ့ အခါမှာ တိုက်စစ်မှူးက အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဆိုရင်တော့ ကျွန်တော် သူ့ကို အမြင်ဘာတွေနဲ့ ပေးပို့နိုင်ပြီး သူက အရပ်ရှည်တော့ ဘောလုံး ရယူနိုင်မှာပါ”လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။