ကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံး ဂိုးသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အတူ ဘီလ္ဘာအိုအသင္းကေန ခ်ယ္လ္ဆီးအသင္းထံကို ေျပာင္းေရႊ႕ခဲ့တဲ့ စပိန္ လူငယ္ဂိုးသမားေလး ကီပါဟာ လက္ရွိ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာေတာ့ လက္စြမ္းေကာင္းေတြ ျပသထားနိုင္ျခင္းမရွိပဲ ပရိသတ္ အမ်ားစုရဲ့ ေဝဖန္မွုေတြကိုလည္း ခံေနရသူပါ။

Photo Credit: Marca.com

အသက္၂၅ႏွစ္အရြယ္သာ ရွိေသးတဲ့ ကီပါဟာ ခ်ယ္လ္ဆီးအသင္းရဲ့ နံပါတ္တစ္ ဂိုးသမား အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး လက္ရွိ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ၂၃ပြဲအထိ ဝင္ေရာက္ကစားေပးထားကာ ၅ပြဲသာ ဂိုးမေပးရေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ခ်ယ္လ္ဆီးအသင္းရဲ့ ပရိသတ္ေတြဟာ ကီပါကို ဖိအားေပးနိုင္ဖို႔ ဂိုးသမားေကာင္းတစ္ဦးကို ထပ္မံေခၚယူပါလို႔ အသင္းကို တိုက္တြန္းေနၾကတာပါ။

Photo Credit: Marca.com

အခ်က္အလက္မွတ္တမ္းေတြအရ ကီပါဟာ လက္ရွိ ပရီးမီးယားလိဂ္ရာသီမွာ အဆိုးဝါးဆုံး ဂိုးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ကီပါဟာ ဂိုးေပါက္ကာကြယ္မွုမွာ ကန္သြင္းခံရတဲ့ ကန္ခ်က္ေတြရဲ့ ၅၀ရာခိုင္ႏွုန္းေက်ာ္ေက်ာ္ကိုသာ ကာကြယ္နိုင္ခဲ့သူလို႔ သိရပါတယ္။ ကီပါရဲ့ ဂိုးေပါက္ကာကြယ္မွုႏွုန္းကေတာ့ ၅၅ရာခိုင္ႏွုန္းပဲ ရွိတာပါ။

Photo Credit: Marca.com

ပရီးမီးယားလိဂ္ရဲ့ ဂိုးေပါက္ ကာကြယ္မွု အျမင့္ဆုံး ကစားသမားကေတာ့ လီဗာပူးလ္ အသင္းရဲ့ အဓိက ဂိုးသမား အယ္လီဆန္ျဖစ္ၿပီး သူဟာ ဂိုးေပါက္ကာကြယ္မွုႏွုန္း ၈၀ရာခိုင္ႏွုန္း အထိ ရွိေနခဲ့ပါတယ္။ အယ္လီဆန္ရဲ့ ေနာက္မွာေတာ့ ယူနိုက္တက္အသင္းကေန ရွက္ဖီးလ္ ယူနိုက္တက္ထံ အငွားနဲ႔သြားေရာက္ကစားေနတဲ့ လူငယ္ဂိုးသမားေလး ဟန္ဒါဆန္က ရွိေနၿပီး ဟန္ဒါဆန္ရဲ့ ဂိုးေပါက္ကာကြယ္မွုႏွုန္းက ၇၅ရာခိုင္ႏွုန္းပဲ ျဖစ္ပါတယ္။

ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ စပိန် လူငယ်ဂိုးသမားလေး ကီပါဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ လက်စွမ်းကောင်းတွေ ပြသထားနိုင်ခြင်းမရှိပဲ ပရိသတ် အများစုရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရသူပါ။

Photo Credit: Marca.com

အသက်၂၅နှစ်အရွယ်သာ ရှိသေးတဲ့ ကီပါဟာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၂၃ပွဲအထိ ဝင်ရောက်ကစားပေးထားကာ ၅ပွဲသာ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေဟာ ကီပါကို ဖိအားပေးနိုင်ဖို့ ဂိုးသမားကောင်းတစ်ဦးကို ထပ်မံခေါ်ယူပါလို့ အသင်းကို တိုက်တွန်းနေကြတာပါ။

Photo Credit: Marca.com

အချက်အလက်မှတ်တမ်းတွေအရ ကီပါဟာ လက်ရှိ ပရီးမီးယားလိဂ်ရာသီမှာ အဆိုးဝါးဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကီပါဟာ ဂိုးပေါက်ကာကွယ်မှုမှာ ကန်သွင်းခံရတဲ့ ကန်ချက်တွေရဲ့ ၅၀ရာခိုင်နှုန်းကျော်ကျော်ကိုသာ ကာကွယ်နိုင်ခဲ့သူလို့ သိရပါတယ်။ ကီပါရဲ့ ဂိုးပေါက်ကာကွယ်မှုနှုန်းကတော့ ၅၅ရာခိုင်နှုန်းပဲ ရှိတာပါ။

Photo Credit: Marca.com

ပရီးမီးယားလိဂ်ရဲ့ ဂိုးပေါက် ကာကွယ်မှု အမြင့်ဆုံး ကစားသမားကတော့ လီဗာပူးလ် အသင်းရဲ့ အဓိက ဂိုးသမား အယ်လီဆန်ဖြစ်ပြီး သူဟာ ဂိုးပေါက်ကာကွယ်မှုနှုန်း ၈၀ရာခိုင်နှုန်း အထိ ရှိနေခဲ့ပါတယ်။ အယ်လီဆန်ရဲ့ နောက်မှာတော့ ယူနိုက်တက်အသင်းကနေ ရှက်ဖီးလ် ယူနိုက်တက်ထံ အငှားနဲ့သွားရောက်ကစားနေတဲ့ လူငယ်ဂိုးသမားလေး ဟန်ဒါဆန်က ရှိနေပြီး ဟန်ဒါဆန်ရဲ့ ဂိုးပေါက်ကာကွယ်မှုနှုန်းက ၇၅ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။