ဘောလုံးကစားသမားတွေရဲ့စွမ်းဆောင်ရည်အချက်အလက်တွေ ပြောင်းရွှေ့မှုအကြောင်းတွေနဲ့ ကိုယ်ရေးအကျဉ်းတွေကို အသေးစိတ်ဖော်ပြလေ့ရှိတဲ့ ကမ္ဘာကျော် ဘောလုံးအချက်အလက်စုစည်းတဲ့ ဝက်ဆိုဒ်ကြီး Transfermarket ကနေပြီးတော့ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှု ဒဏ်ရာတွေကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးလာမှုနဲ့ ပွဲထွက်ခွင့်တွ နည်းပါးလာမှုတွေကြောင့် တန်ဖိုးကျဆင်းလာခဲ့တဲ့ ဘောလုံးသမား(၁၀)ယောက်ကို စာရင်းပြုစုပြီး ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ သူတို့တွေကတော့

Photo Credit : AllFootball

၁. ကယ်ပါ(ချယ်လ်ဆီး)

ကျဆင်းသွားတဲ့ပမာဏ=ယူရိုသန်း(၂၀)

လက်ရှိတန်ကြေး=ယူရိုသန်း(၄၀)

၂. ဂျွန်စတုန်းစ်(မန်စီးတီး)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၁၅)သန်း

လက်ရှိတန်ကြေး=ယူရို(၄၅)သန်း

၃. အလီ(စပါး)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၁၀)သန်း

လက်ရှိတန်ကြေး=ယူရိုသန်း(၈၀)

၄. လာကာဇက်(အာဆင်နယ်)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၁၀)သန်း

လက်ရှိတန်ကြေး=ယူရိုသန်း(၆၀)

၅. ဒီဂီယာ(ယူနိုက်တက်)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၁၀)သန်း

လက်ရှိတန်ကြေး=ယူရိုသန်း(၅၀)

၆. လင်ဂတ်(ယူနိုက်တက်)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၁၀)သန်း

လက်ရှိတန်ကြေး=ယူရို(၂၂)သန်း

၇. ဖရေဆာ(ဘုန်းမောက်)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၈)သန်း

လက်ရှိတန်ကြေး=ယူရို(၂၂)သန်း

၈. ဂွမ်ဒူဇီ(အာဆင်နယ်)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၅)သန်း

လက်ရှိတန်ကြေး=ယူရို(၄၅)သန်း

၉. ကန်ဆယ်လို(မန်စီးတီး)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၅)သန်း

လက်ရှိတန်ကြေး=ယူရို(၄၅)သန်း

၁၀.အန်ဒါဆန်(ဝက်စ်ဟမ်း)

ကျဆင်းသွားတဲ့ပမာဏ=ယူရို(၅)သန်း

လက်ရှိတန်ကြေး=ယူရိုသန်း(၄၀)

Photo Credit : Goal.com

ထွက်ပေါ်လာတဲ့စာရင်းအရတော့ ချယ်လ်ဆီးအသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမား ကယ်ပါကတော့ ဒီရာသီအတွင်း သူရဲ့လက်စွမ်းပိုင်းကျဆင်းလာမှုတွေကြောင့် လက်ရှိတန်ကြေးကနေ ယူရိုသန်း၂၀လောက်အထိ ထိုးဆင်းသွားခဲ့ရပြီး အသင်းကလည်း သူ့ကို လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေပါတယ် ဒါ့အပြင် ဒီစာရင်းထဲမှာ ပါဝင်လို့နေတဲ့ စတုန်းစ် လာကာဇက် ဒီဂီယာ လင်ဂတ် ဖရေဆာ ကန်ဆယ်လိုတို့ဟာလည်း လာမယ့်နွေမှာ သူတို့ရဲ့အသင်းတွေနဲ့ လမ်းခွဲဖွယ်ရှိနေပြီး အနာဂတ်မရေမရာဖြစ်လျက်ရှိနေသလို ထူးထူးခြားခြားအနေနဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားနှစ်ယောက်လုံးက ဒီစာရင်းထဲမှာ ပါဝင်နေတာပါပဲ။