MySport Myanmar

လက်ရှိမှာ ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကစားသမား မရှိဘူး ဆိုတဲ့ ကီပါ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး ကနေ စပိန် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ စပိန်ဂိုးသမား ကီပါက လက်ရှိမှာ သူ့ရဲ့ အသင်းဖော်သစ် ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကစားသမား မရှိဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂျု့ဒ် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ထံ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

ဘယ်လင်ဟမ်က ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် သူက ရီးရဲလ်မက်ဒရစ် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၀ပွဲ ပါဝင် ကစားပေးထားရာ ၁၀ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရရှိထားပါတယ်။

ဘယ်လင်ဟမ်ရဲ့ ဂိုးသွင်းစွမ်းရည်က အထင်ကြီးစရာ ကောင်းသလို သူ့ရဲ့ လုပ်အားနှုန်း ၊ အကွက်မြင်မြင် ဖန်တီးပေးမှု ၊ ခံစစ်ကြောင်းကို ကူညီနိုင်မှု စတဲ့ အရည်အသွေးတွေကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက ဘယ်လင်ဟမ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ ပါဝင်နေပြီလို့ ချီးကျူးနေကြသလို ကီပါကလည်း လက်ရှိမှာ ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကစားသမား မရှိဘူးလို့ ပြောကာ ဘယ်လင်ဟမ်ကို ချီးကျူးခဲ့ပြန်ပါတယ်။

ကီပါက – “အခုချိန်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ် ဆိုရင်တောင် ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကစားသမားကို မမြင်မိပါဘူး။ ကျွန်တော်တို့တွေ အားလုံးက တပွဲပြီး တပွဲ ဘယ်လင်ဟမ် တယောက် ဘယ်လိုတွေ စွမ်းဆောင်နိုင်လဲ ဆိုတာကို မြင်တွေ့ပြီးပါပြီ။ သူက ဂိုးတွေ သွင်းနိုင်သလို ခံစစ်ကြောင်းကိုလည်း အကူအညီ ပေးနိုင်ပါတယ်။ ပြီးတော့ တကွင်းလုံးကိုလည်း လွှမ်းမိုး ချုပ်ကိုင်ပြီး ကစားနိုင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version