ဒီႏွစ္ေဘာလုံးရာသီရဲ႕အစပုိင္းကာလေတြမွာ သြင္းဂုိးေတြရဖုိ႔ ရုန္းကန္ေနခဲ႔ရၿပီး ၿပီးခဲ႔တဲ႔ ႏုိဝင္ဘာလတုန္းကဆုိ သြင္းဂုိးေတာင္မရရွိႏုိင္ခဲ႔တဲ႔ ဂ်ဳဗင္တပ္စ္တုိက္စစ္မွဴး ခရစၥတီယာႏုိေရာ္နယ္ဒုိအေနနဲ႔ နည္းျပသစ္ဆာရီနဲ႔ အဆင္မေျပမႈေတြရွိေနလုိ႔ ရာသီအကုန္မွာ ဂ်ဳဗင္တပ္စ္နဲ႔ လမ္းခြဲေတာ့မယ္လုိ႔ သတင္းေတြထြက္ေပၚခဲ႔ေပမယ့္လည္း အခုေတာ့ ဂ်ဳဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒုိကုိ ေနာက္ထပ္၃ႏွစ္ေလာက္အထိ အသင္းမွာ ဆက္လက္ထားရွိဖုိ႔အတြက္ စီစဥ္ေနၿပီး သက္တမ္းတုိးႏုိင္ဖုိ႔ကိစၥမွာလည္း အေျခအေနေကာင္းေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

မၾကာခင္မွာပဲ အသက္၃၅ႏွစ္ျပည္ေျမာက္ေတာ့မယ့္ ေပၚတူဂီလက္ေရြးစင္ တုိက္စစ္ကစားသမား ေရာ္နယ္ဒုိဟာ ၿပီးခဲ႔တဲ႔ ၂၀၁၈ခုႏွစ္ကမွ ရီးရဲလ္မက္ဒရစ္အသင္းကေန ဂ်ဳဗင္တပ္စ္အသင္းဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး လာမယ့္၂၀၂၂ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ သူရဲ႕ဂ်ဳဗင္တပ္စ္ကစားသမားဘဝ ပထမရာသီက အဆင္ေျပေခ်ာေမြ႕ခဲ႔ေပမယ့္ ဒီရာသီမွာေတာ့ နည္းျပသစ္ဆာရီနဲ႔ၾကားမွာ အဆင္မေျပမႈေတြ အနည္းငယ္ရွိခဲ႔လုိ႔ ရာသီအကုန္မွာ ဂ်ဳဗင္တပ္စ္ကေန စြန္႔ခြာဖုိ႔ သတင္းႀကီးလာခဲ႔ရပါေသးတယ္။ ဒါေပမယ့္ ဂ်ဳဗင္တပ္စ္အသင္းကေတာ့ သူတုိ႔ရဲ႕အဓိက ကစားသမားကုိ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္အျပင္ ေနာက္ထပ္သုံးႏွစ္ေလာက္အထိကုိ အသင္းမွာ ဆက္ထားခ်င္ေသးတာေၾကာင့္ သက္တမ္းတုိးမႈကုိ မၾကာခင္မွာပဲ ျပဳလုပ္ေတာ့မယ္လုိ႔ သိရပါတယ္။

Photo Credit : Getty Images

Corriere dello Sport ကေန ေဖာ္ျပခ်က္အရ ဂ်ဳဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒုိကုိ လက္ရွိမွာ ေပးေခ်ေနတဲ႔အတုိင္း တစ္ႏွစ္လုပ္ခ ေပါင္သန္း၃၀နဲ႔ လာမယ့္ ၂၀၂၅ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတုိးဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရွိရပါတယ္။ ဒီကိစၥရပ္ကုိ ေရာ္နယ္ဒုိရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္နဲ႔ ေဆြးေႏြးေနၿပီး တကယ္လုိ႔ ေရာ္နယ္ဒုိသာ လက္ခံလုိက္မယ္ဆုိရင္ သူ႔အေနနဲ႔ ဂ်ဳဗင္တပ္စ္မွာ အသက္၃၈ႏွစ္အရႊယ္ထိ ဆက္လက္ရွိေနရမွာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္ကမွ ေဘာလုံးသမားဘဝကေန အနားယူၿပီးရင္ ရုပ္ရွင္သရုပ္ေဆာင္ဘဝကုိ ကူးေျပာင္းဖြယ္ရွိတယ္လိ႔ု ထုတ္ေဖာ္ေျပာဆုိထားတဲ႔ ေရာ္နယ္ဒုိအေနနဲ႔ အဲ႔ဒီအသက္အရႊယ္ေလာက္အထိ ဒဏ္ရာကင္းကင္း စြမ္းေဆာင္ရည္မက်ဆင္းပဲ ဆက္တုိက္ကစားေနႏုိင္ပါ့မလားဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။ ေရာ္နယ္ဒုိဟာ ဒီရာသီမွာ စီးရီးေအသြင္းဂိုး၁၀ဂုိးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂုိး၂ဂုိး သြင္းယူထားၿပီး ၂၀၁၉ႏွစ္မကုန္မွာပင္ Globe Soccer Awards ဆုကုိ ၆ႀကိမ္ေျမာက္အျဖစ္ ပုိင္ဆုိင္ခဲ႔ပါေသးတယ္။

(Unicode)

ရော်နယ်ဒိုကို အသက်၃၈နှစ်အရွှယ်ထိ ဂျုဗင်တပ်စ်မှာပဲ ဆက်လက်မြင်တွေ့ရဖွယ်ရှိ

ဒီနှစ်ဘောလုံးရာသီရဲ့အစပိုင်းကာလတွေမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်နေခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကဆို သွင်းဂိုးတောင်မရရှိနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ နည်းပြသစ်ဆာရီနဲ့ အဆင်မပြေမှုတွေရှိနေလို့ ရာသီအကုန်မှာ ဂျုဗင်တပ်စ်နဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခုတော့ ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို နောက်ထပ်၃နှစ်လောက်အထိ အသင်းမှာ ဆက်လက်ထားရှိဖို့အတွက် စီစဉ်နေပြီး သက်တမ်းတိုးနိုင်ဖို့ကိစ္စမှာလည်း အခြေအနေကောင်းနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

မကြာခင်မှာပဲ အသက်၃၅နှစ်ပြည်မြောက်တော့မယ့် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သူရဲ့ဂျုဗင်တပ်စ်ကစားသမားဘဝ ပထမရာသီက အဆင်ပြေချောမွေ့ခဲ့ပေမယ့် ဒီရာသီမှာတော့ နည်းပြသစ်ဆာရီနဲ့ကြားမှာ အဆင်မပြေမှုတွေ အနည်းငယ်ရှိခဲ့လို့ ရာသီအကုန်မှာ ဂျုဗင်တပ်စ်ကနေ စွန့်ခွာဖို့ သတင်းကြီးလာခဲ့ရပါသေးတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းကတော့ သူတို့ရဲ့အဓိက ကစားသမားကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်အပြင် နောက်ထပ်သုံးနှစ်လောက်အထိကို အသင်းမှာ ဆက်ထားချင်သေးတာကြောင့် သက်တမ်းတိုးမှုကို မကြာခင်မှာပဲ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

Photo Credit : Getty Images

Corriere dello Sport ကနေ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို လက်ရှိမှာ ပေးချေနေတဲ့အတိုင်း တစ်နှစ်လုပ်ခ ပေါင်သန်း၃၀နဲ့ လာမယ့် ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ ဒီကိစ္စရပ်ကို ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ဆွေးနွေးနေပြီး တကယ်လို့ ရော်နယ်ဒိုသာ လက်ခံလိုက်မယ်ဆိုရင် သူ့အနေနဲ့ ဂျုဗင်တပ်စ်မှာ အသက်၃၈နှစ်အရွှယ်ထိ ဆက်လက်ရှိနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ အနားယူပြီးရင် ရုပ်ရှင်သရုပ်ဆောင်ဘဝကို ကူးပြောင်းဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ ရော်နယ်ဒိုအနေနဲ့ အဲ့ဒီအသက်အရွှယ်လောက်အထိ ဒဏ်ရာကင်းကင်း စွမ်းဆောင်ရည်မကျဆင်းပဲ ဆက်တိုက်ကစားနေနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ရော်နယ်ဒိုဟာ ဒီရာသီမှာ စီးရီးအေသွင်းဂိုး၁၀ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး၂ဂိုး သွင်းယူထားပြီး ၂၀၁၉နှစ်မကုန်မှာပင် Globe Soccer Awards ဆုကို ၆ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်ခဲ့ပါသေးတယ်။