MySport Myanmar

ဒီယောင်းကို မခေါ်ယူနိုင်ခဲ့ရင် တီလေမန်းစ်ကိုသာ အာဆင်နယ်နဲ့ အပြိုင်လုမယ့် မန်ယူ

အပြောင်းအရွှေ့ စပယ်ရှယ်လစ် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ဖရန်ကီဒီယောင်းကိုသာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့ရဲ့ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ယိုရီတီလေမန်းစ်ကို အာဆင်နယ်နဲ့ အပြိုင်လုလာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ ၂၀၂၂ခုနှစ် နွေဈေးကွက်တစ်လျှောက်လုံး နယ်သာလန် ကွင်းလယ်လူ ဒီယောင်းကိုသာ ဦးစားပေး ကမ်းလှမ်းနေတာ ဖြစ်ပေမယ့်လည်း လက်ရှိ ကြားသိထားရတဲ့ သတင်းတွေအရ ဒီယောင်းအနေနဲ့ ယူနိုက်တက်ရော ချယ်လ်ဆီးရော ဘယ်အသင်းကိုမှ ပြောင်းရွှေ့လိုခြင်းမရှိပဲ ဘာစီလိုနာမှာပဲ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတာဖြစ်လို့ ယူနိုက်တက်က ဒီယောင်းကို သေချာပေါက် လက်လျှော့ပြီဆိုတာနဲ့ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ဘက်ကို အာရုံပြန်ရောက်လာနိုင်တယ်လို့ ဖာဘရီဇီယိုက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကတည်းက မိုနာကိုကနေ လက်စတာအသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင် လက်စတာကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ်ပါ သတ်မှတ်ခံနေရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တီလေမန်းစ်ဟာ လက်ရှိမှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ပြီး ကစားသမားကိုယ်တိုင်ကလည်း ကစားသမားဘဝ level တစ်ခု မြင့်တတ်စေဖို့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းကြီးတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ လတ်တလောမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ တီလေမန်းစ်ဟာ သူကိုယ်တိုင်လည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်ဆိုပေမယ့် ယူနိုက်တက်ဘက်ကလည်း ဒီယောင်းကိုသာ မရရှိခဲ့ရင် plan b အဖြစ်နဲ့ တီလေမန်းစ်ကို ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်က ဒီယောင်းကို မခေါ်ယူနိုင်ရင် တီလေမန်းစ်နဲ့ ရူဘင်နေဗက်စ်တို့ကို ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပေမယ့် ဖာဘရီဇီယိုကတော့ တီလေမန်းစ်သာ ယူနိုက်တက်ရဲ့ plan b ဖြစ်လာနိုင်တယ်လို့ သုံးသပ်သွားပါတယ်။ လက်ရှိအခြေအနေအရ တီလေမန်းစ်ကို အပြိုင်လုရနိုင်တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်ဟာ အိုင်းယတ်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဆောက်သမ်တန် ညာနောက်ခံလူ ဝေါ်ကာပီတာစ်တို့ကိုပါ အပြိုင်ပစ်မှတ်ထားလျက် ရှိနေပါတယ်။

 

Exit mobile version