ဒီနှစ် ဘောလုံးရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဟာနက်စ်အသင်းတို လေ့ကျင့်ရေးကွင်းထဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ တစ်နာရီစာ ခြေစမ်းပွဲစဉ်အတွင်း ပါဝင် ကစားသွားခဲ့တယ်လို သိရှိရပါတယ်။

Photo Credit : The Athletic

2022 Ballon d’Or ဆုရှင် ဘန်ဇီမာဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းနဲ့ အလူးအလဲ ရင်ဆိုင်နေရပြီး ပြင်သစ်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲရဖို့ပါ လွဲချော်ထားခဲ့ရပါတယ်။ ဘန်ဇီမာဟာ ကမ္ဘာ့ဖလား ကျင်းပခါနီးမှ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေ အားလုံးနီးပါးကို လွဲချော်ထားခဲ့ရပေမယ့်လည်း ပြင်သစ်အသင်းက သူတို့ လူစာရင်းထဲမှာ ဘန်ဇီမာနေရာ အစားထိုးခြင်းမပြုပဲ ဆက်လက် ထားရှိနေသေးတာကြောင့် ဘန်ဇီမာအနေနဲ့ ဗိုလ်လုပွဲကိုပါ ကစားခွင့် ရှိနေရပါတယ်။

Real Madrid toma decisão sobre ida de Benzema à final da Copa do Mundo |  LANCE!

Photo Credit : LANCE!

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘန်ဇီမာဟာ သူရဲ့ကလပ်အသင်း ရီးယဲလ်မက်ဒရစ်နဲ့ လီဟာနက်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲစဉ်မှာ ရီးယဲလ်အတွက် မိနစ်(၃၀) ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ရီးယဲလ်နဲ့ လီဟာနက်စ်တို့ဟာ မိနစ်(၃၀)စီ ခွဲကစားခဲ့ပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရသလို ရီးယဲလ်ကလည်း ဒီပွဲစဉ်မှာ ဘန်ဇီမာအပြင် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတဲ့ ကစားသမားတွေဖြစ်သော အလာဘာ တိုနီကရူးစ်တို့ကိုပါ အသုံးပြုသွားခဲ့ပါတယ်။ ရီးယဲလ်မှာ လေ့ကျင့်လည်း ပြန်ဆင်းရင်း အပေါ့စား ခြေစမ်းပွဲပါ ပါဝင်ဖြစ်လာခဲ့တာကြောင့် ဘန်ဇီမာရဲ့ fitness အခြေအနေက အားရစရာ အနေအထားမှာ ရှိနေပြီလို့ ဆိုနိုင်ပေမယ့်လည်း သူ့ကို တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအတွင်း ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ပြင်သစ်သမ္မတဖြစ်သူ အီမန်နူရယ်မက်ခွန်ကတော့ ဘန်ဇီမာကို ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပါဝင်စေချင်နေပြီး ဒီလို ပါဝင်လာဖို့ကတော့ ပြင်သစ်နည်းပြ ဒေ့ရှောင့်နဲ့ ဘန်ဇီမာတို့အပေါ်မှာ မူတည်နေသလို ဖိုင်နယ်ပွဲစဉ်ရဲ့ ရလဒ်ပေါ်မှာလည်း မူတည်နိုင်ပါတယ်။ ပြင်သစ်ပရိသတ်တွေကတော့ 2022 Ballon d’Or winner ဖြစ်ခဲ့သူ ဘန်ဇီမာကို world cup final မှာ ပါဝင်စေချင်နေကြပြီး ၂၀၁၈ခုနှစ် မပိုင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကိုလည်း ဆွတ်ခူးစေချုင်နေပါတယ်။