ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် တိုက်စစ် ကစားသမားကြီး ကာရင်ဘန်ဇီမာဟာ လာမယ့် ဇွန်လထဲမှာပဲ သူနဲ့ ရီးယဲလ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်း တိုးမြှင့်ဖို့လည်း စီစဉ်ထားခဲ့ပေမယ့် မမျှော်လင့်ပဲ အပြောင်းအလဲတွေ ဖြစ်ပေါ်ရဖွယ် ရှိနေပါတယ်။

Photo Credit : Marca

ရီးယဲလ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တဲ့ ဘန်ဇီမာကို ဆော်ဒီ ကလပ်အသင်းတွေဘက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ရာ ဒီကမ်းလှမ်းမှုတွေကို ဘန်ဇီမာဘက်က ချိန်ဆ စဉ်းစားနေလိမ့်မယ်လို့ ရီးယဲလ်ဘက်က သဘောပေါက် နားလည်ထားပါတယ်။ လက်ရှိ ဘန်ဇီမာအနေနဲ့ သူရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အပြည့်အဝ ဆုံးဖြတ်ချက် မချမှတ်ရသေးပေမယ့်လည်း အသင်းကနေ ထွက်ခွာသွားဖို့ကသာ အခြေအနေ ပိုများနေတယ်လို့ Marca ကနေ ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဒီတစ်ပတ်အတွင်းမှာပဲ အဖြေထုတ်သွားမှာဖြစ်ကြောင်း အသင်းကို အသိပေးထားတယ်လို့ သိရပါတယ်။

Benzema's scoring record against Osasuna: no goals in nearly 10 years - AS  USA

Photo Credit : AS Diario

ဘန်ဇီမာကိုယ်တိုင်က ဘောလုံးသမားတစ်ဦးအနေနဲ့ ရီးယဲလ်အသင်းမှာ ရယူလို့ ရနိုင်တဲ့ အရာတွေ အားလုံးကို ရယူထားနိုင်ခဲ့ပြီဖြစ်လို့ အခုအချိန်က အသင်းနဲ့ လက်တွဲဖြုတ်ဖို့ အကောင်းဆုံးအချိန်ဆိုပြီး ယူဆလာနိုင်သလို တကယ်လို့ ဒီလို ယူဆပြီး အသင်းပြောင်းမယ်ဆိုရင်လည်း ဘန်ဇီမာရဲ့ ဆုံးဖြတ်ချက်ကို ရီးယဲလ်ဘက်က လက်ခံသွားမှာ ဖြစ်ပါတယ်။

ဘန်ဇီမာသာ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဟာရီကိန်း နဲ့ ရောဘတ်တိုဖာမီနိုတို့ကို လျာထားသလို အသင်း ကစားသမားဟောင်း ဟိုဆေးလူကိုလည်း ပစ်မှတ်ထားနေပါတယ်။ တစ်ဆက်တည်းမှာပဲ ဘန်ဇီမာအပြင် မာရီယာနိုဒီးယက်ဇ်ကိုပါ အသင်းကနေ ထွက်ခွာပြုနိုင်တာကြောင့် အသင်းအတွက် တိုက်စစ်ကစားသမား (၂)ဦးခန့် ပြန်လည် အားဖြည့်ရဖို့လည်း ရှိနေပါတယ်။ လတ်တလော အခြေအနေတွေအရတော့ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူနိုင်မယ့် ဟိုဆေးလူ နဲ့ ဖာမီနိုတို့က ရီးယဲလ်အတွက် အကောင်းဆုံး ရွေးချယ်မှုတွေ ဖြစ်လို့နေပါတယ်။