ဆစ်ဒနီ ဂိုဗို (Sidney Govou) ကတော့ လိုင်ယွန်အသင်းမှာ ကစားခဲ့စဉ်အခါက အသင်းဖော်ဟောင်း ဖြစ်ခဲ့တဲ့ လက်ရှိ ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားကို အာဆင်နယ်အသင်း နဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီထက် ပိုပြီးပြည့်စုံတယ်လို့ ပြောခဲ့ပါတယ်။ ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားကတော့ လက်ရှိရာသီမှာ ရီးရဲလ်အသင်းအနေနဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကို ကျော်ပြီး လာလီဂါ ဆုဖလား ရရှိနိုင်အောင် ကူညီပေးခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ရီးရဲလ်အသင်းအတွက် လာလီဂါ ပွဲစဉ် (၃၇) ပွဲမှာ (၂၁) ဂိုး သွင်းယူခဲ့ပါတယ်။

Photo Credit: Goal

ပြင်သစ် တိုက်စစ်မှူး ဘန်ဇီမားဟာ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်က ရီးရဲလ် မက်ဒရစ်အသင်းကို မပြောင်းလာခင် လိုင်ယွန်အသင်းမှာ (၅) နှစ်ကြာ ကစားခဲ့စဉ်အခါက တောင်ပံ ကစားသမား ဆစ်ဒနီ ဂိုဗိုနဲ့ အတူ ကစားခဲ့ကြပြီး လိုင်ယွန်အသင်းနဲ့ လီးဂူးဝမ်း ဖလား (၄) ကြိမ် ရရှိနိုင်ခဲ့ပါတယ်။ ဘန်ဇီမားဟာ လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆု ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံရပေမယ့် ဘလွန်းဒီအော်ဆုကို ပေးအပ်သွားမှာ မဟုတ်တာ ဖြစ်ပြီး အသင်းဖော်ဟောင်း ဆစ်ဒနီ ဂိုဗိုက ဘန်ဇီမားကို ပြင်သစ် တိုက်စစ်မှူးဟောင်း အွန်နရီထက် ပိုပြီးပြည့်စုံတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဆစ်ဒနီ ဂိုဗိုက “ဘန်ဇီမားက အွန်နရီရဲ့အဆင့်မှာ ရှိတယ်လို့ ကျွန်တော် ထင်တယ်။ အွန်နရီက ကျွန်တော့်ကို အံ့အားသင့် လေးစားစေခဲ့တယ်။ ဘာလို့လဲဆိုရင် သူက မြန်ဆန်တဲ့ ကစားသမား မဟုတ်ပေမယ့်လည်း သူက ဘောလုံးကို ထိန်းနိုင်ပါတယ်။ ဒါပေမယ့် ဘန်ဇီမားဟာ ပိုပြီးတော့ ပြီးပြည့်စုံပါတယ်။ အွန်နရီမှာက လွမ်းမိုးမှုလိုဟာမျိုး ရှိပါတယ်။ ဘာလို့လဲဆိုရင်တော့ သူဟာ လူပိုသေးပြီး အားကစားသမားနဲ့ ပိုမတူလို့ ဖြစ်ပါတယ်။ ဘန်ဇီမားကတော့ အမြဲတမ်း ထပ်သီး ကစားသမား ဖြစ်နေခဲ့ပါတယ်။ တကယ်လို့ ခင်ဗျားကသာ ဘောလုံးကို ချစ်တဲ့ သူ ဆိုရင်တော့ ဘန်ဇီမားကို မချစ်ဖို့က မဖြစ်နိုင်ပါဘူး”လို့ L’Equipe သတင်းမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။