ယေန႔မနက္မွာ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ရဲ့ လန္ဒန္ဒါဘီပြဲစဥ္ကေတာ့ အႀကိတ္အနယ္ရွိတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး ေျပာစရာတခ်ိဳ႕နဲ႔အတူ ႏွစ္ဂိုးစီသေရနဲ႔ ရမွတ္တစ္မွတ္စီ ခြဲယူခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ ေျပာစရာျဖစ္ခဲ့တာေတြကေတာ့ အာဆင္နယ္ေနာက္ခံလူ လူးဝစ္ရဲ့ အနီကတ္ ၊ ခ်ယ္လ္ဆီးကြင္းလယ္လူ ကန္တီရဲ့ ေခ်ာ္လဲမွုတို႔ပဲ ျဖစ္ပါတယ္။

Photo Credit: Football London.com

စတန္းဘရက္ဖို႔ဒ္ခ်္မွာ ကစားၾကတဲ့ ပြဲစဥ္ ျဖစ္တာနဲ႔အညီ ခ်ယ္လ္ဆီးအသင္းဟာ ဒီေန႔ပြဲမွာ အာဆင္နယ္အသင္းကို ဖိအားေပးကစားသြားခဲ့ၿပီး ပြဲကစားခ်ိန္ ၂၆မိနစ္မွာ မူစတာဖီရဲ့ အမွားကေန ခ်ယ္လ္ဆီးအသင္းပင္နယ္တီ ရရွိခဲ့သလို ေဒးဗစ္လူးဝစ္ဟာလည္း အနီကတ္ထိခဲ့ကာ ေဂ်ာ္ဂ်င္ဟိုကလည္း အဆိုပါပင္နယ္တီကို ဂိုးအျဖစ္ အဆုံးသတ္ျပခဲ့ပါတယ္။ အဲ့ဒီေနာက္ ပြဲကစားခ်ိန္ ၆၃မိနစ္မွာ လူငယ္တိုက္စစ္မွူး မာတီနယ္လီက အာဆင္နယ္အတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီး ပြဲကစားခ်ိန္ ၈၃မိနစ္မွာ အက္စ္ပီလီကြီတာက ခ်ယ္လ္ဆီးအတြက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးခဲ့ပါတယ္။

Photo Credit: Football London.com

ဒါေပမယ့္ ဦးေဆာင္ဂိုးရရွိအၿပီး ၄မိနစ္အၾကာမွာပဲ ခ်ယ္လ္ဆီးအသင္းဟာ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး အဆိုပါေခ်ပဂိုးကိုေတာ့ ဘယ္လာရင္က သြင္းယူေပးခဲ့တာပါ။ ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ အာဆင္နယ္အသင္းရဲ့ ပထမေခ်ပဂိုးမွာ အေရးပါတဲ့လူျဖစ္ခဲ့တဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ကန္တီကိုေတာ့ ေဘာလုံးပရိသတ္ေတြဟာ ေလွာင္ေျပာင္မွုေတြ လုပ္ခဲ့ၾကပါတယ္။

Photo Credit: Football London.com

ကန္တီဟာ မာတီနယ္လီရဲ့ ေခ်ပဂိုးမွာ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပးလာခဲ့တဲ့ မာတီနယ္လီကို တားဆီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေခ်ာ္လဲခဲ့တာေၾကာင့္ မာတီနယ္လီရဲ့ေခ်ပဂိုးကို ခြင့္ျပဳေပးခဲ့ရပါတယ္။ အဆိုပါေခ်ာ္လဲမွုေၾကာင့္ ေဘာလုံးပရိသတ္ေတြဟာ ကန္တီကို ကန္တီမ်က္ႏွာဖုံးတပ္ထားတဲ့ ဂ်ာရတ္လို႔ ေလွာင္ေျပာင္မွုေတြ ျပဳလုပ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကတော့ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ပြောစရာတချို့နဲ့အတူ နှစ်ဂိုးစီသရေနဲ့ ရမှတ်တစ်မှတ်စီ ခွဲယူခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တာတွေကတော့ အာဆင်နယ်နောက်ခံလူ လူးဝစ်ရဲ့ အနီကတ် ၊ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီရဲ့ ချော်လဲမှုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Football London.com

စတန်းဘရက်ဖို့ဒ်ချ်မှာ ကစားကြတဲ့ ပွဲစဉ် ဖြစ်တာနဲ့အညီ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းကို ဖိအားပေးကစားသွားခဲ့ပြီး ပွဲကစားချိန် ၂၆မိနစ်မှာ မူစတာဖီရဲ့ အမှားကနေ ချယ်လ်ဆီးအသင်းပင်နယ်တီ ရရှိခဲ့သလို ဒေးဗစ်လူးဝစ်ဟာလည်း အနီကတ်ထိခဲ့ကာ ဂျော်ဂျင်ဟိုကလည်း အဆိုပါပင်နယ်တီကို ဂိုးအဖြစ် အဆုံးသတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၆၃မိနစ်မှာ လူငယ်တိုက်စစ်မှူး မာတီနယ်လီက အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၈၃မိနစ်မှာ အက်စ်ပီလီကွီတာက ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

Photo Credit: Football London.com

ဒါပေမယ့် ဦးဆောင်ဂိုးရရှိအပြီး ၄မိနစ်အကြာမှာပဲ ချယ်လ်ဆီးအသင်းဟာ ချေပဂိုး ပြန်ပေးခဲ့ရပြီး အဆိုပါချေပဂိုးကိုတော့ ဘယ်လာရင်က သွင်းယူပေးခဲ့တာပါ။ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းရဲ့ ပထမချေပဂိုးမှာ အရေးပါတဲ့လူဖြစ်ခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီကိုတော့ ဘောလုံးပရိသတ်တွေဟာ လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။

Photo Credit: Football London.com

ကန်တီဟာ မာတီနယ်လီရဲ့ ချေပဂိုးမှာ တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲပြေးလာခဲ့တဲ့ မာတီနယ်လီကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ချော်လဲခဲ့တာကြောင့် မာတီနယ်လီရဲ့ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ အဆိုပါချော်လဲမှုကြောင့် ဘောလုံးပရိသတ်တွေဟာ ကန်တီကို ကန်တီမျက်နှာဖုံးတပ်ထားတဲ့ ဂျာရတ်လို့ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။