MySport Myanmar

ဒဏ်ရာဟောင်းနဲ့ ရင်ဆိုင်နေရပေမယ့်လည်း world cup ကိုတော့ ပါဝင်နိုင်မယ့် ကန်တေ

ချယ်လ်ဆီးနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေဟာ လက်ရှိမှာ ဒဏ်ရာပြသာနာဟောင်းနဲ့ ထပ်မံရင်ဆိုင်နေရပေမယ့်လည်း အရမ်း ပြင်းထန်ခြင်း မရှိသလို လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပသွားမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပြင်သစ်အသင်းနဲ့အတူ ပါဝင်ဆင်နွဲနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit : We Ain’t Got Not History

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို စတင် ခံစားခဲ့ရပြီး အဲ့ဒီပွဲနောက်ပိုင်း ချယ်လ်ဆီးရဲ့ ပွဲစဉ်အားလုံးကို လွဲချော်ထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကန်တေဟာ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်း Cobham မှာ သူရဲ့ fitness ပိုင်း ကောင်းမွန်နေဖို့အတွက် လုပ်ဆောင်နေပြီး world cup မတိုင်ခင်မှာ ပြန်လည် ကစားနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်လာအောင် ကြိုးပမ်းလျက် ရှိနေပါတယ်။

Photo Credit : CBS Sports

ဒါပေမယ့်လည်း လက်ရှိမှာ ကန်တေက တံကောက်ကြောဒဏ်ရာ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်လို့ (၂)ပတ်ခန့်လောက်အထိ အနားယူရဖို့ ရှိနေပြီး ချယ်လ်ဆီးရဲ့ ဗီလာ ဘရန့်ဖို့ဒ် မန်ချက်စတာယူနိုက်တက် ဆာလ်ဇ်ဘာ့ဂ်နဲ့ ဘရိုက်တန်တို့နဲ့ ပွဲတွေကို ထပ်မံ လွဲချော်ရဖွယ် ရှိနေပါတယ်။ ကန်တေအနေနဲ့ နိုဝင်ဘာလဆန်းပိုင်းလောက်မှာသာ ချယ်လ်ဆီးအတွက် ပြန်ကစားပေးဖွယ် ရှိနိုင်ပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ကြံခိုင်မှု ပြည့်ဝနေစေဖို့အတွက်နဲ့ နောက်ထပ် ဒဏ်ရာတွေ ထပ်မရဖို့အတွက် ပွဲချိန်ပြည့် ကစားခြင်းတွေ ပွဲဆက်များစွာ ကစားခြင်းတွေကို ရှောင်သွားဖွယ်လည်း ရှိနိုင်ပါတယ်။ အသက်(၃၁)နှစ်အရွယ် ကစားသမား ကန်တေဟာ ကစားသမားဘဝအတွင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်ရတတ်သူဖြစ်လို့ လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှ သက်တမ်းကုန်တော့မယ့် သူရဲ့လက်ရှိစာချုပ်ကို ကန်တေ အလိုရှိတဲ့အတိုင်း (၃)နှစ် ဒါမှမဟုတ် (၄)နှစ်အထိ တိုးမြှင့်သွားဖို့အတွက် ချယ်လ်ဆီးဘက်က ဆန္ဒမရှိပဲ အများဆုံး (၂)နှစ်ခန့်သာ တိုးမြှင့်သွားချင်နေပါတယ်။

Exit mobile version