ပေါင်ခြံဒဏ်ရာကို ခံစားနေရတာကြောင့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဇင်းနစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ထားခဲ့ရတဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ချယ်လ်ဆီးအတွက် ပါဝင်ကစားခဲ့ပြီး သူပါဝင်လာတာနဲ့ အသင်းက ပထမပိုင်းပွဲချိန်က ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့သလို ကန်တီရဲ့ သွင်းဂိုးတစ်ဂိုး အပါအဝင် (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ရပါတယ်။

Photo Credit : Metro

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး မနှစ်က ဘောလုံးရာသီအတွင်း ရေပန်းစားနေတဲ့ အသင်းတွေကို ကျော်လွန်ပြီး ဥရောပချန်ပီယံလိဂ်ဖလားကို အရယူဆောင်နိုင်ခဲ့ခြင်းမှာလည်း ကန်တီရဲ့ အခန်းကဏ္ဍာက အတော်လေးကို အရေးပါခဲ့ပါတယ်။ ဒီလို အသင်းအတွက် အရေးပါလှတဲ့ ကန်တီဟာ ပေါင်ခြံဒဏ်ရာနဲ့ ရင်ဆိုင်နေတာဖြစ်လို့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ် ပထမပိုင်းအပြီးမှာပဲ ကိုဗာဆစ်နဲ့ လူစားလဲခဲ့ရသလို ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ ဇင်းနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ခဲ့ရပြီး စပါးနဲ့ ပွဲစဉ်မှသာ ဒုတိယပိုင်းမှာ ပါဝင်လာခဲ့ရပြီး စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

အခုဆိုရင် ကန်တီဟာ သူရဲ့ပေါင်ခြံဒဏ်ရာကနေ အရှင်းသက်သာနေပြီဖြစ်လို့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုရော ဂျုဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်ကိုပါ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပြီး အသင်းကိုလည်း ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နိုင်အောင် လုပ်ဆောင်ပေးနိုင်ဖွယ် ရှိနေပါတယ်။ ကန်တီဟာ စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပါဝင်ကစားခဲ့ပြီးနောက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး မောင်းနှင်နိုင်ခဲ့ပြီး အသင်းကို နိုင်ပွဲရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ကြွက်ကလေး ကန်တီကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုရတော့မယ့် ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းက ပိုမိုလုပ်အားနှုန်း ကောင်းလာနိုင်တော့မှာဖြစ်လို့ အက်စတွန်ဗီလာ(လိဂ်ဖလား) မန်စီးတီး(ပရီးမီးယားလိဂ်)နဲ့ ဂျုဗင်တပ်စ်(ချန်ပီယံလိဂ်) ပွဲစဉ်(၃)ပွဲကို ဖြတ်သန်းရမယ့် တစ်ပတ်အတွင်းမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖွယ် ရှိနေပါတယ်။