ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်အသင်းရဲ့ မော်ရိုကိုကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကိုပါ ခေါ်ယူသွားဖို့ရှိနေတဲ့အပြင် လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကိုပါ ဆက်လက်ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် အသုံးစရိတ်တွေ များပြားလာနိုင်တာကြောင့် အသင်းကနေ ကစားသမားတချို့ကို ပြန်လည်ရောင်းထုတ်နိုင်ကာ အသင်းရဲ့ကွင်းလယ်လူ အန်ဂိုလိုကန်တီကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောင်းချဖွယ်ရှိနေပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကန်တီနဲ့ ဂျော်ဂျင်ဟိုတို့ကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းချသွားဖို့ အစီအစဉ်ရှိနေပြီး အသင်းရဲ့လူငယ်ကစားသမားလေးတွေဖြစ်တဲ့ မေဆန်မောင့် လော့တပ်ချိဖ်နဲ့ ဂေးလ်မောတို့ကိုပဲ ကွင်းလယ်ပိုင်းမှာ အသုံးပြုချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းက လာမယ့်ရာသီမှာ အသင်းကို ပြောင်းလဲမှုတွေများစွာ လုပ်ဆောင်မှာဖြစ်လို့ အပြောင်းအရွှေ့ အသုံးစရိတ် ကာမိနေနိုင်စေဖို့အတွက် ကန်တီကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Goal

လက်ရှိမှာ ကန်တီကို ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေတဲ့အပြင် ရီးရဲလ်က ပိုမိုစိတ်ဝင်စားနေတဲ့အတွက် ကန်တီကို ရီးရဲလ်အသင်းဆီ ပေါင်သန်း(၇၀)လောက်နဲ့ ရောင်းချဖွယ်ရှိလာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ဝါနာနဲ့ဘန်ချီဝဲလ်တို့အပြင် လေဗာကူဆင်အသင်းရဲ့Playermaker ဖြစ်တဲ့ ကိုင်းလ်ဟားဗက်ဇ်ကိုပါ ခေါ်ယူချင်နေတဲ့အတွက် အသုံးစရိတ် ကာမိနေနိုင်ဖို့ ကန်တီကို အသင်းကနေ စွန့်လွှတ်သွားချင်နေတာဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုကိုလည်း ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြဆာရီကလည်း သူရဲ့တပည့်ကျော် ဂျော်ဂျင်ဟိုကို အသင်းဆီ ခေါ်ဆောင်ချင်နေပေမယ့် ချယ်လ်ဆီးဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းကိုတော့ မပေးချေချင်တာကြောင့် အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာနာဒက်ချီနဲ့ ဒေါက်ကလပ်ကော်စတာတို့ နှစ်ယောက်ထဲကမှ တစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။