ဒီနေ့ညမှာ ယှဉ်ပြိုင်ကြမယ့် ပေါ်တိုအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းဘက်က ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီနဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်တို့နှစ်ယောက်လုံးဟာ ဒဏ်ရာကနေ သက်သာလာခဲ့ကြပြီဖြစ်လို့ အသင်းရဲ့လူစာရင်းအတွင်း ပြန်လည်ပါဝင်လာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ပြင်သစ်အသင်းနဲ့ နိုင်ငံတကာရက်သတ္တပတ်ကို ဆင်နွဲနေရချိန်မှာပဲ ပေါင်ကြွက်သားဒဏ်ရာ ခံစားခဲ့ရတာကြောင့် ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရပေမယ့် လက်ရှိမှာတော့ ကန်တီရဲ့ ဒဏ်ရာပြသာနာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပြန်လည်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

ကန်တီအပြင် နောက်ထပ်ချယ်လ်ဆီးကစားသမားတစ်ယောက်ဖြစ်တဲ့ အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်မှာလည်း ချယ်လ်ဆီးနဲ့ ဝက်စ်ဘရွန်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရတာကြောင့် ဒုတိယပိုင်းအစမှာပဲ မေဆန်မောင့်နဲ့ လူစားလဲခဲ့ရပါတယ်။ ပူလီဆစ်ရဲ့ဒဏ်ရာအခြေအနေကြောင့် ရက်အတန်ကြာ အနားယူရမယ်လို့ ထင်ခဲ့ရပေမယ့်လည်း ဒဏ်ရာကနေ အလျင်အမြန် သက်သာလာခဲ့လို့ ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။ အခုလို အသင်းရဲ့ အဓိက ကစားသမား(၂)ယောက် ဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်လို့ အသင်းမှာ ဒဏ်ရာရကစားသမား အရေအတွက်က လုံးဝရှိမနေတော့ပေမယ့် ပေါ်တိုအသင်းဘက်မှာတော့ ဒဏ်ရာရကစားသမားတွေရော ပွဲပယ်ခံထားရတဲ့ ကစားသမားတွေပါ ရှိနေတဲ့အတွက် ချယ်လ်ဆီးအသင်းကို လူအင်အားမပြည့်ဝစွာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။