ရလဒ်မတည်ငြိမ်မှုတွေကြောင့် ရာသီအစကတည်းက ခန့်အပ်လို့ထားခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြဖြစ်သူ နူနိုဆန်တိုကို လက်တွဲဖြုတ်ခဲ့တဲ့ စပါးအသင်းဟာ နူနိုဆန်တိုရဲ့နေရာမှာ သူတို့အသင်းဘက်ကနေ အမှန်တကယ်ကို အလိုရှိနေတဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီနဲ့ ပြန်လည်အစားထိုးဖို့အတွက် ပြန်လည်အစားထိုးသွားဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေရာ အသင်းကို ကွန်တီသာ ရောက်လာခဲ့မယ်ဆိုရင် အသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းအတွက် အကျိုးရှိလာနိုင်တယ်လို့ စပါးအသင်းသားဟောင်း ဘာဘာတော့က သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီး အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေရဲ့ နည်းပြဟောင်း အန်တိုနီယိုကွန်တီဟာ စပါးအသင်းဘက်က အမှန်အကန် အလိုရှိခဲ့တဲ့ နည်းပြတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ကွန်တီဘက်က အလိုရှိနေတဲ့ အချက်အလက်တွေကို စပါးဘက်က မလိုက်နာနိုင်ခဲ့တာကြောင့် စပါးနည်းပြသစ် ဖြစ်လာဖို့ အဆင်မပြေ ဖြစ်ခဲ့ရတာဖြစ်ပြီး ဝုလ်ဗ်နည်းပြ နူနိုဆန်တိုကိုပဲ စပါးဘက်က နည်းပြသစ်အဖြစ် ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နူနိုဆန်တိုကလည်း စပါးနည်းပြအဖြစ် (၄)လတာ ကျင်လည်ခဲ့ပြီးနောက် အသင်းရဲ့ ရလဒ်တွေကို အကောင်းဆုံးဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ အသင်းနဲ့ ပြန်လည်လက်တွဲဖြုတ်ခဲ့ပြီး လစ်လပ်နေတဲ့ နည်းပြနေရာအတွက်ကိုလည်း အသင်းရဲ့ ယခင်ပစ်မှတ် ကွန်တီကို ပြန်လည်မျက်စိကျလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ စပါးအသင်းဟာ ကွန်တီကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အခြေအနေ ကောင်းလို့နေပြီး တကယ်လို့ ကွန်တီရောက်ရှိလာမယ်ဆိုရင် စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းအတွက်လည်း အကျိိုးရှိလာနိုင်စေမယ်လို့ ဒီမီတာဘာဘာတော့က မှတ်ချက်ပြုပြောဆိုလာပါတယ်။ ဘာဘာတော့က “ကွန်တီ အင်တာမီလန်မှာ ရှိနေစဉ်တုန်းက တိုက်စစ်မှူး လူကာကူကို ပိုကောင်းလာတဲ့ ကစားသမားတစ်ယောက်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်။ လူကာကူက မန်ချက်စတာယူနိုက်တက်ကနေ အင်တာကို ပြောင်းလာခဲ့စဉ်မှာ သူရဲ့ယုံကြည်မှုတွေ ကျဆင်းနေတာကို ကွန်တီကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ဂိုးသွင်းစက်တစ်ခု ဖြစ်လာအောင်ပါ ဖန်တီးပေးခဲ့တယ်။ ဒါကြောင့် ကွန်တီသာ စပါးကို ရောက်လာမယ်ဆိုရင် ဒါဟာ ဟာရီကိန်းအတွက် အကောင်းဆုံးတွေ ဖြစ်လာတော့မယ်ဆိုတာ အလွယ်တကူသာ ပြောဆိုနိုင်ပါတယ်။ ကွန်တီက ထိပ်သီးကစားသမားတွေနဲ့လည်း အတွေ့အကြုံများစွာ ရှိထားတဲ့သူပါ။ တစ်ခါတစ်ရံမှာ နည်းပြတစ်ယောက်အနေနဲ့ အသင်းက ထိပ်တန်းကစားသမားတွေနဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားသင့်တာ။ ဒါမှ အသင်းအတွက်ရော ကစားသမားအတွက်ရော နည်းပြအတွက်ပါ အားလုံးအကျိုးရှိမှာ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။