အဂ်လန်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက အီရန်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလား အဖွင့်ပွဲစဥ်မှာ ခွဲခြားဆက်ဆံမှုတွေ ဆန့်ကျင့်ကြောင်း ဖော်ပြထားတဲ့ ‘One Love’ လက်မောင်းပတ်ကို ဝတ်ဆင်ဖို့ စီစဥ်ထားခဲ့ပေမယ့် FIFA ဘက်က ငြင်းဆန်ခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : Daily Mail

LGBT အသိုင်းအဝိုင်းအတွက် support လုပ်ဆောင်ပေးတဲ့ အဓိပ္ပါယ်ကိုဆောင်သော ‘One Love’ လက်မောင်းပတ်တွေကို အဂ်လန် အသင်းခေါင်းဆောင် ဟာရီကိန်း အပါအဝင် ဥရောပ အသင်းတွေက ကစားသမား(၆)ယောက်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဝတ်ဆင်သွားဖို့ စီစဥ်ထားခဲ့ပေမယ့် FIFA ဘက်ကနေ ‘One Love’ armband ကို ဝတ်ဆင်ခြင်းမပြုဖို့ သတ်မှတ်လိုက်သလို ဝတ်ဆင်မယ်ဆိုရင် အဝါကတ် ပြသခံရမယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်တာကြောင့် ကိန်းအပြင် တခြားကစားသမားတွေသာပါ ဒီလက်မောင်းပတ်ကို မဝတ်ဆင်ဖို့ ပြန်လည် ဆုံးဖြတ်လိုက်ရပါတယ်။

Photo Credit : Daily Mail

“ဟုတ်တယ် ကျွန်တော်တို့တွေ စိတ်ပျက်နေပြီလို့ ထင်ပါတယ်။ မနေ့ကပဲ ကျွန်တော် ဒါကို ဝတ်ဆင်သွားချင်တယ်လို့ ထုတ်ပြောခဲ့ပေမယ့် ဒီနေ့တော့ သူတို့ ဆုံးဖြတ်ချက်ကြောင့် ဝတ်ဆင်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်က အဲ့ဒီလက်မောင်းပတ်ကို ဝတ်ဆင်ပြီး ကွင်းထဲ ဝင်သွားမယ်လို့ ပြောထားခဲ့ပြီးသားပါ။ ဒါက ကစားသမားတွေအနေနဲ့ ကျွန်တော်တို့တွေ ထိန်းချုပ်ခံနေရသလိုပါပဲ။ ဒါတွေကို FA နဲ့ FIFA တို့ဘက်ကနေ ဆွေးနွေးမှုတွေကို ဆက်လုပ်နေမှာ သေချာပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ ပွဲကို အာရုံစိုက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တာပါပဲ” လို့ ဟာရီကိန်းက ပြောဆိုလိုက်ပါတယ်။ ကိန်းဟာ အင်္ဂလန်က အီရန်အသင်းကို (၆)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု(B)အဖွင့်ပွဲစဉ်အတွင်းမှာ အင်္ဂလန်အတွက် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပေမယ့်လည်း စတာလင်နဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေမှာ ဂိုးဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး စွမ်းဆောင်မှုကောင်းတွေ ပြသသွားနိုင်ခဲ့သလို ‘One Love’ လက်မောင်းပတ်အစား ‘No Discrimination’ ဆိုတဲ့ လက်မောင်းပတ်ကိုပါ ဝတ်ဆင်သွားခဲ့ပါတယ်။