MySport Myanmar

လက်ရှိမှာ ဟာရီကိန်းက မာရာဒိုနာလိုကို ဖြစ်နေပြီလို့ ဂျီနိုလာ ချီးမွမ်းပြောဆို

စပါးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစတဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး ဒေးဗစ်ဂျီနိုလာက စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းရဲ့ လတ်တလော ပြသနေတဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ ချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပြီး ကိန်းက လက်ရှိမှာ စပါးရဲ့ playmaker ကစားသမားတစ်ဦး ဖြစ်လို့နေပြီး ဒီယေဂိုမာရာဒိုနာလို ပုံစံမျိုး ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

မနေ့ညက ယှဉ်ပြိုင်သွားခဲ့ကြတဲ့ စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အသင်းက (၅)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းက သွင်းဂိုးသွင်းယူနိုင်ခြင်းမရှိပဲ ဒိုဟာတီရဲ့ဂိုးကိုသာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ ဒီရာသီမှာ စပါးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၂)ဂိုးသာ သွင်းယူထားခဲ့ပေမယ့်လည်း သူရဲ့ဂိုးဖန်တီးမှုက (၆)ကြိမ်ထိ ရှိနေသလို သွင်းဂိုးစွမ်းရည်နဲ့ ဂိုးပါဝင်ပတ်သက်မှု စွမ်းရည်တွေကိုပါ ပြသထားနိုင်တဲ့ ဘက်စုံထက်မြက်သော ကစားသမားတစ်ဦး ဖြစ်နေရတယ်လို့ ဂျီနိုလာက ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Ansneed

ဟာရီကိန်းနဲ့ပတ်သက်ပြီး ဂျီနိုလာက “စပါးအသင်း နယူးကာဆယ်ကို အနိုင်ရတာ အရမ်းကို အထင်ကြီးစရာပါ။ အထူးသဖြင့်တော့ ဒုတိယပိုင်းမှာ စပါးအသင်းရဲ့ ကစားပုံက အရမ်းကို တောင့်တင်းလွန်းနေတဲ့ပုံ ပေါ်ပါတယ်။ သူတို့က ပွဲကို ယုံကြည်မှုအပြည့်နဲ့ ကစားနေတဲ့ ပုံပါပဲ။ သူတို့အသင်းရဲ့ ပေးပို့မှုတွေက ထက်မြက်လွန်းနေပြီး သူတို့ရဲ့ အဆုံးသတ်မှုတွေကလည်း အံ့မခန်းပါပဲ။ စပါးအသင်းရဲ့ playmaker အသစ်ကတော့ ဟာရီကိန်းပါပဲ။ သူက အခုဆိုရင် မာရာဒိုလိုပါပဲ။ သူက အခုဆိုရင် အသင်းရဲ့ key player တစ်ဦးလို အမြင့်ဘောတွေ ပေးပို့မှုအတိုလေးတွေ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့။ အံ့သြစရာကောင်းတဲ့ ဟာရီကိန်း ပုံစံသစ်မျိုး ဖြစ်နေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုးပေါင်း (၂၂)ဂိုး သွင်းယူလို့ထားသလို ဂိုးဖန်တီးမှုကိုလည်း (၇)ကြိမ်ထိ စွမ်းဆောင်ထားနိုင်ခဲ့ပြီး (၂၉)ဂိုးထိ သွင်းဂိုးပါဝင်ပတ်သက်လို့ ထားပါတယ်။ ဟာရီကိန်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီကပါ အလွန်ကျေနပ်နေပြီး ကိန်းရဲ့အသင်းဖော်တွေအနေနဲ့ ကိန်းရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ တောက်ပမှုကို စံနမူနာထားတတ်ဖို့ပါ တိုက်တွန်းပြောဆိုလေ့ ရှိပါတယ်။

Exit mobile version