စပါးအသင္းရဲ႕အသင္းေခါင္းေဆာင္ တုိက္စစ္ကစားသမား ဟယ္ရီကိန္းကေတာ့ ေဆာက္သမ္တန္အသင္းကုိ ၁ဂုိး ဂုိးမ႐ွိနဲ႔ ႐ႈံးနိမ့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ အသင္းအတြက္ ေခ်ပဂုိးရေအာင္ ႀကိဳးစားရင္းနဲ႔ ေပါင္ဒဏ္ရာရ႐ွိသြားခဲ့ၿပီး မစ္ဒယ္ဘေရာ့နဲ႔ ကစားခဲ့ရတဲ့ အက္ေအဖလားပြဲကုိ လြဲေခ်ာ္ခဲ့ရတဲ့အျပင္ လာမယ့္ဧၿပီလအထိပါ ဆကိလက္အနားယူရဖြယ္႐ွိေနတယ္လုိ႔ အသင္းဘက္ကေန တရားဝင္ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။

Photo Credit : Getty Images

အသက္၂၆ႏွစ္အရႊယ္႐ွိၿပီျဖစ္တဲ့ အဂၤလန္လက္ေရြးစင္ တုိက္စစ္မွဴးဟယ္ရီကိန္းဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ အသင္းေဖာ္ အဲရစ္ဆင္ရဲ႕ဖရီးကစ္ကေနတစ္ဆင့္ စပါးအသင္း ေခ်ပဂုိးပုိင္ဆုိင္ႏုိင္ဖုိ႔အတြက္ ႀကိဳးစားခဲ့ရမွာ ေပါင္ဒဏ္ရာခံစားရခဲ့လုိ႔ လူစားလဲခဲ့ရကာ ရက္သတၱပတ္အနည္းငယ္ အနားယူရလိမ့္မယ္လုိ႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ အခု စပါးအသင္းဘက္ကေန တရားဝင္ေၾကညာလာခ်က္အရ ကိန္းရဲ႕ဒဏ္ရာက ခြဲစိတ္မႈ ခံယူဖုိ႔လုိအပ္တဲ့အတြက္ေၾကာင့္ ဧၿပီလေလာက္အထိကုိ ေဘာလုံးကစားျခင္းကေန အနားယူရႏုိင္ဖြယ္ ႐ွိေနပါတယ္။ ဒါဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကုိ ရ႐ွိႏုိင္ဖုိ႔အတြက္ ႐ုန္းကန္ေနရတဲ့ စပါးအသင္းအတြက္ေတာ့ ႀကီးမားတဲ့ ထုိးႏွက္ခ်က္တစ္ခု ျဖစ္လာႏုိင္ၿပီး အခုေဆာင္းရာသီေစ်းကြက္မွာ တုိက္စစ္ပုိင္းကုိ အင္အားျဖည့္တင္းမႈေတြ မျဖစ္မေန ျပဳလုပ္ဖုိ႔လည္း လုိအပ္ေနၿပီျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီေနာက္ပုိင္းမွာ ထြက္ေပၚလုိ႔ေနတဲ့ သတင္းေတြအရ စပါးအသင္းဟာ ဒီႏွစ္ေဘာလုံးရာသီ ေအစီမီလန္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ပုိလန္တုိက္စစ္မွဴး ပီယြန္တက္ခ္ကုိ ေခၚယူသြားဖုိ႔ နယူးကာဆဲလ္ အက္စတြန္ဗီလာအသင္းေတြထက္ အေျခအေနပုိေကာင္းေနတယ္လုိ႔ သိရွိထားရပါတယ္။ အသက္၂၄ႏွစ္အရႊယ္ရွိ ပီယြန္တက္ခ္မွာ မႏွစ္က ဒီလုိအခ်ိန္မွာပဲ ဂ်ီႏိုအာအသင္းကေန ေအစီမီလန္အသင္းဆီကုိ ေရာက္ရွိလာခဲ႔သူျဖစ္ၿပီး ေရာက္ေရာက္ခ်င္းမွာ အသင္းအတြက္ အထူးေျခစြမ္းျပနုိင္ခဲ႔ေပမယ့္ ဒီရာသီမွာေတာ့ မီလန္အတြက္ စီးရီးေအသြင္းဂုိးက ၄ဂုိးပဲရွိခဲ႔တဲ႔အျပင္ မီလန္ကလည္း သူတုိ႔ရဲ႕တုိက္စစ္မွဴးေဟာင္း ဇလာတန္အီဗရာဟီမုိဗစ္ခ်္ကုိ ေခၚယူလုိက္တာေၾကာင့္ ပီယြန္တက္ခ္ရဲ႕အနာဂတ္က ပုိလႈပ္ခတ္ေနရတာျဖစ္ပါတယ္။ ခံစစ္ပုိင္းကုိလည္း ျပဳျပင္ရဖြယ္ရွိေနတဲ႔ စပါးအသင္းဟာ ပီယြန္တက္ခ္ကုိ ကနဦးမွာ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းဖြယ္ရွိၿပီး အငွားသက္တမ္းျပည့္မွသာ အၿပီးသတ္ေခၚယူဖြယ္ရွိေနပါတယ္။

(Unicode)

ဒဏ်ရာကြောင့် ဧပြီလလောက်အထိ အနားယူသွားရတော့မယ့် စပါးတိုက်စစ်မှူးဟယ်ရီကိန်း

စပါးအသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းကတော့ ဆောက်သမ်တန်အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ချေပဂိုးရအောင် ကြိုးစားရင်းနဲ့ ပေါင်ဒဏ်ရာရရှိသွားခဲ့ပြီး မစ်ဒယ်ဘရော့နဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲကို လွဲချော်ခဲ့ရတဲ့အပြင် လာမယ့်ဧပြီလအထိပါ ဆကိလက်အနားယူရဖွယ်ရှိနေတယ်လို့ အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၆နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းဖော် အဲရစ်ဆင်ရဲ့ဖရီးကစ်ကနေတစ်ဆင့် စပါးအသင်း ချေပဂိုးပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားခဲ့ရမှာ ပေါင်ဒဏ်ရာခံစားရခဲ့လို့ လူစားလဲခဲ့ရကာ ရက်သတ္တပတ်အနည်းငယ် အနားယူရလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု စပါးအသင်းဘက်ကနေ တရားဝင်ကြေညာလာချက်အရ ကိန်းရဲ့ဒဏ်ရာက ခွဲစိတ်မှု ခံယူဖို့လိုအပ်တဲ့အတွက်ကြောင့် ဧပြီလလောက်အထိကို ဘောလုံးကစားခြင်းကနေ အနားယူရနိုင်ဖွယ် ရှိနေပါတယ်။ ဒါဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ စပါးအသင်းအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပြီး အခုဆောင်းရာသီစျေးကွက်မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ မဖြစ်မနေ ပြုလုပ်ဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီနောက်ပိုင်းမှာ ထွက်ပေါ်လို့နေတဲ့ သတင်းတွေအရ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ အေစီမီလန်အသင်းမှာ ရုန်းကန်နေရတဲ့ ပိုလန်တိုက်စစ်မှူး ပီယွန်တက်ခ်ကို ခေါ်ယူသွားဖို့ နယူးကာဆဲလ် အက်စတွန်ဗီလာအသင်းတွေထက် အခြေအနေပိုကောင်းနေတယ်လို့ သိရှိထားရပါတယ်။ အသက်၂၄နှစ်အရွှယ်ရှိ ပီယွန်တက်ခ်မှာ မနှစ်က ဒီလိုအချိန်မှာပဲ ဂျီနိုအာအသင်းကနေ အေစီမီလန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ရောက်ရောက်ချင်းမှာ အသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မီလန်အတွက် စီးရီးအေသွင်းဂိုးက ၄ဂိုးပဲရှိခဲ့တဲ့အပြင် မီလန်ကလည်း သူတို့ရဲ့တိုက်စစ်မှူးဟောင်း ဇလာတန်အီဗရာဟီမိုဗစ်ချ်ကို ခေါ်ယူလိုက်တာကြောင့် ပီယွန်တက်ခ်ရဲ့အနာဂတ်က ပိုလှုပ်ခတ်နေရတာဖြစ်ပါတယ်။ ခံစစ်ပိုင်းကိုလည်း ပြုပြင်ရဖွယ်ရှိနေတဲ့ စပါးအသင်းဟာ ပီယွန်တက်ခ်ကို ကနဦးမှာ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိပြီး အငှားသက်တမ်းပြည့်မှသာ အပြီးသတ်ခေါ်ယူဖွယ်ရှိနေပါတယ်။