စပါးအသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂျာမိန်းဒီဖိုးက လက်ရှိသူရဲ့အသင်းဟောင်းက တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ တောင်ကိုရီးယားသားလေး ဆွန်ဟောင်မင်တို့နှစ်ယောက်ရဲ့ တိုက်စစ်အတွဲအဖက်ဟာ ပရီးမီးယားလိဂ်မှာ အတော်လေးကို ကောင်းမွန်လျက်ရှိနေတဲ့အပြင် လက်ရှိကမ္ဘာပေါ်မှာလည်း အကောင်းဆုံးတိုက်စစ်အတွဲလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းနဲ့ အသက်(၂၈)နှစ်အရွှယ် တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်တို့နှစ်ယောက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အတော်လေးကို တွဲဖက်မိလို့နေပြီး ဆွန်ဟောင်မင်က လက်ရှိ ပရီးမီးယားလိဂ်မှာ (၉)ဂိုး သွင်းယူထားခဲ့သလို ဟယ်ရီကိန်းကလည်း (၉)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီအစမှာပဲ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးအားတွေက ပိုမိုကောင်းမွန်လာခဲ့သလို အထောင်တိုက်စစ်နေရာကနေ အသင်းအတွက် သွင်းဂိုးတွေ ဒိုင်ခံသွင်းယူနေကြ ဟယ်ရီကိန်းကလည်း ထူးထူးခြားခြားပဲ ဂိုးဖန်တီးမှုအအပိုင်းမှာ ကွင်းလယ်ဖန်တီးရှင်တွေထက်ပင် ပိုမိုတိုးတတ်ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီနှစ်ယောက် တိုက်စစ်အစုအဖွဲ့နဲ့ပတ်သက်ပြီး စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းဒီဖိုးက “ကိန်း ဆွန်တို့နဲ့အတူ မော်ရင်ဟို ဒီရာသီအတွင်း လုပ်ဆောင်နေတဲ့ အရာတွေဟာ တကယ့်ကို အံ့မခန်းပါပဲ။ ဒီနှစ်ယောက်ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်အတွဲအဖက်ပါပဲ။ ဒီလို အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဆိုရင် ဒါကို အမြဲတမ်းထိန်းထားနိုင်ဖို့ဆိုတာက အခက်အခဲဆုံးအပိုင်းပါပဲ။ ဒါကို သူတို့နှစ်ယောက်က ဆက်လက်လုပ်ဆောင်နေနိုင်တာမို့ ကျွန်တော့်ကို အရမ်းအံ့သြမှင်သက်စေရတယ်။ ဆွန်က အရမ်းကို ပြေးအားကောင်းတယ်။ ဒါကြောင့် သူက ဘောလုံးရဖို့အတွက် ပြိုင်ဘက်အနောက်ကနေပဲ ပြေးတယ်။ ဘောလုံးလည်း ရယူနိုင်တယ်။ ဘောလုံးလမ်းကြောင်းလည်းကောင်းတယ်။ ပြိုင်ဘက်တွေကိုလည်း အကောင်းဆုံးကျော်ဖြတ်နိုင်တယ် လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ရဲ့ တိုးတတ်ကောင်းမွန်လာခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရမှတ်(၂၁)မှတ်နဲ့ ရပ်တည်လျက်ရှိနေသလို ရာသီအစ အဖွင့်ပွဲစဉ်မှာသာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်ပြီး မန်ချက်စတာ(၂)သင်းလုံးကို အနိုင်ယူကျော်ဖြတ်ထားသလို ပုံစံကောင်းပြနေတဲ့ ချယ်လ်ဆီးကိုလည်း စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ သရေတစ်မှတ်ရအောင် ကစားထားနိုင်ခဲ့ပါတယ်။