စေကာ့တလန္လိဂ္မွာ ဆဲလ္တစ္အသင္းရဲ့ ႀကီးစိုးေနမွုကို ဖ်က္ဆီးဖို႔အတြက္ ႀကိဳးစားေနၾကတဲ့ ဂ်ာရတ္ဦးေဆာင္ေနတဲ့ ရိန္းဂ်ားအသင္းအတြက္ ဒီဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ မ်က္ခုံးလွုပ္စရာေတြနဲ႔ ၾကဳံေတြ႕ေနရပါတယ္။ အဲ့ဒါကေတာ့ ပရီးမီးယားလိဂ္အသင္းႏွစ္သင္း ျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ နယူးကာဆယ္အသင္းတို႔ဟာ ရိန္းဂ်ားအသင္းရဲ့ အဓိက ကစားသမားႏွစ္ဦးကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာတဲ့ အေၾကာင္းအရာပါ။
Photo Credit: Standard.com
ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ အာဆင္နယ္အသင္းဟာ လက္ရွိေဘာလုံးရာသီမွာ မထင္မွတ္ထားနိုင္ေလာက္ေအာင္ကိုပဲ ရလဒ္ေတြဆိုးရြားေနၿပီး နည္းျပသုံးဦးအထိ ေျပာင္းလဲကိုင္တြယ္ျခင္းကို ခံထားရပါတယ္။ ဒါေပမယ့္ အာဆင္နယ္ရဲ့ အားနည္းခ်က္ျဖစ္တဲ့ ကြင္းလယ္ပိုင္းအားနည္းခ်က္ကေတာ့ ေျပာင္းလဲသြားခဲ့ျခင္းမရွိတာေၾကာင့္ အာဆင္နယ္ဟာ ခံစစ္အားသန္ကြင္းလယ္လူ တစ္ဦးကို ေခၚယူဖို႔အတြက္ ေစ်းကြက္အတြင္းမွာ ရွာေဖြေနတာပါ။
Photo Credit: Standard.com
အဂၤလန္သတင္းစာေတြရဲ့ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ရိန္းဂ်ားအသင္းမွာ ေျခစြမ္းျပေနတဲ့ အသင္းရဲ့ ကစားသမားေဟာင္း ကာမာရာကို ေပါင္ ၅သန္းဝန္းက်င္နဲ႔ ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္လာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္အသင္းျဖစ္တဲ့ နယူးကာဆယ္အသင္းကလည္း ရိန္းဂ်ားအသင္းရဲ့ အသင္းေခါင္းေဆာင္ ညာေနာက္ခံလူ တာဗာနီးယားကို ေခၚယူရန္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
Photo Credit: Standard.com
အသက္၂၈ႏွစ္အရြယ္ တာဗာနီးယားဟာ လက္ရွိေဘာလုံးရာသီ ရိန္းဂ်ားအသင္းမွာ ေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပသထားနိုင္ခဲ့ၿပီး သူဟာ ရိန္းဂ်ားအသင္းအတြက္ သုံးဂိုးအထိ သြင္းယူေပးထားနိုင္ပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ နယူးကာဆယ္အသင္းဟာ တာဗာနီးယားအတြက္ ရိန္းဂ်ားအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္၁၅သန္းဝန္းက်င္နဲ႔ ကမ္းလွမ္းမယ္လို႔ သိထားရပါတယ္။
စကော့တလန်လိဂ်မှာ ဆဲလ်တစ်အသင်းရဲ့ ကြီးစိုးနေမှုကို ဖျက်ဆီးဖို့အတွက် ကြိုးစားနေကြတဲ့ ဂျာရတ်ဦးဆောင်နေတဲ့ ရိန်းဂျားအသင်းအတွက် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာတော့ မျက်ခုံးလှုပ်စရာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲ့ဒါကတော့ ပရီးမီးယားလိဂ်အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ ရိန်းဂျားအသင်းရဲ့ အဓိက ကစားသမားနှစ်ဦးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတဲ့ အကြောင်းအရာပါ။
Photo Credit: Standard.com
ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိဘောလုံးရာသီမှာ မထင်မှတ်ထားနိုင်လောက်အောင်ကိုပဲ ရလဒ်တွေဆိုးရွားနေပြီး နည်းပြသုံးဦးအထိ ပြောင်းလဲကိုင်တွယ်ခြင်းကို ခံထားရပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အားနည်းချက်ဖြစ်တဲ့ ကွင်းလယ်ပိုင်းအားနည်းချက်ကတော့ ပြောင်းလဲသွားခဲ့ခြင်းမရှိတာကြောင့် အာဆင်နယ်ဟာ ခံစစ်အားသန်ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူဖို့အတွက် စျေးကွက်အတွင်းမှာ ရှာဖွေနေတာပါ။
Photo Credit: Standard.com
အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရိန်းဂျားအသင်းမှာ ခြေစွမ်းပြနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ကာမာရာကို ပေါင် ၅သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့အတွက် စောင့်ကြည့်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကလည်း ရိန်းဂျားအသင်းရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ တာဗာနီးယားကို ခေါ်ယူရန် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
Photo Credit: Standard.com
အသက်၂၈နှစ်အရွယ် တာဗာနီးယားဟာ လက်ရှိဘောလုံးရာသီ ရိန်းဂျားအသင်းမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပြီး သူဟာ ရိန်းဂျားအသင်းအတွက် သုံးဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ နယူးကာဆယ်အသင်းဟာ တာဗာနီးယားအတွက် ရိန်းဂျားအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၁၅သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမယ်လို့ သိထားရပါတယ်။