MySport Myanmar

ဘာကာ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေတဲ့ ကစားသမားထဲမှာ ကာမာဒါပါ ပါဝင်နေ

နောက်ပိုင်းနှစ်တွေအတွင်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဈေးကွက်ဖွင့်ချိန်တိုင်းမှာ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမား ခေါ်ယူမှု ပြုလုပ်တတ်ရလေ့ရှိသော ဘာစီလိုနာအသင်းဟာ အခုလည်း ဖရန့်ဖတ်အသင်းရဲ့ ဂျပန်ကစားသမား ကာမာဒါကိုပါ အလွတ်နဲ့ ခေါ်ယူသွားဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။

Photo Credit : Barca Universal

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ နွေမှာပဲ ကတ်ဆေး ခရစ္စတန်ဆန် ဘယ်လာရင် အလွန်ဆိုတို့ကို အလွတ်နဲ့ ခေါ်ယူခဲ့သလို နောက်ပိုင်းနှစ်တွေမှာလည်း free transfer တွေနဲ့ ခေါ်ယူထားခဲ့တာတွေ များစွာ ရှိခဲ့ပါတယ်။ လာမယ့် ဈေးကွက်အတွင်းမှာလည်း ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ အသင်းရဲ့ legend player ကြီး မက်ဆီအပြင် မားကပ်စ်သူရမ် နဲ့ ကာမာဒါတို့လို ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကစားသမားတချို့ပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : SPORT

အသက်(၂၆)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ် တိုက်စစ်ကစားသမား ကာမာဒါဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဂျေလိဂ်ကလပ် Sagan Tosu အသင်းကနေ ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာတော့ ဘယ်လ်ဂျီယံကလပ် Sint-Truiden အသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက် ကစားခဲ့ကာ ၂၀၁၉-၂၀၂၀ ရာသီမှာသာ ဖရန့်ဖတ်အတွက် အသေအချာ ကစားခွင့်ရလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Forbes

အငှားပြည့်ပြီး ဖရန့်ဖတ်အသင်းဆီ ပြန်ရောက်လာချိန်မှာတော့ ကာမာဒါက ဖရန့်ဖတ်ရဲ့ အဓိက ကစားသမားအဖြစ် ဖြစ်လာခဲ့ရပြီး တခြားသော ဥရောပအသင်းတွေရဲ့ စိတ်ဝင်စားမှုပါ ရရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကာမာဒါဟာ လာမယ့် ဇွန်လအတွင်းမှာပဲ ဖရန့်ဖတ်အသင်းနဲ့ စာချုပ် ကုန်ဆုံးရတော့မှာဖြစ်လို့ ကာမာဒါကို အလွတ်နဲ့ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ တန်းစီနေပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ကာမာဒါကို ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ အသင်းကတော့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း ဖြစ်နေပြီး ဒေါ့မွန်က ကာမာဒါရဲ့ အသင်းသစ် ဖြစ်လာဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။

Exit mobile version