ဘရာဇီး ဂန္တဝင် ကွင်းလယ် တိုက်စစ်မှူးဟောင်း ကာကာကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်ခါက ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အတူ ကစားခဲ့တာ ဖြစ်ပေမဲ့လည်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို ပါရမီရှင်လို့ ချီးကျူးခဲ့ပြီး သူတို့နှစ်ဦးမှာ မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ လက်ရှိမှာတော့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ကစားသမား (၂) ဦး အဖြစ် သတ်မှတ်ခံထားကြရပေမဲ့လည်း မက်ဆီက ရော်နယ်ဒိုထက်စာရင် ဘလွန်းဒီအော်ဆုကို (၁) ကြိမ် ပို ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ကာကာကတော့ (၂၀၀၇) ခုနှစ်မှာ အေစီမီလန်အသင်းအတွက် ကစားခဲ့စဉ်က ဘလွန်းဒီအော် ဆုကို ရရှိခဲ့ပြီး အေစီမီလန်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းလာခဲ့တဲ့ အချိန်မှာ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အတူ ရီးရဲလ်အသင်းမှာ (၄) နှစ်ခန့်ကြာ အတူ ကစားသွားခဲ့ပါတယ်။ ကာကာဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ မရဖူးတဲ့ ဖီဖာ ကမ္ဘာ့ ဖလားကို (၂၀၀၂) ခုနှစ်မှာ ဘရာဇီး လက်ရွေးစင် အသင်းနဲ့ အတူ ရရှိခဲ့ပြီး သူကတော့ ရော်နယ်ဒိုနဲ့ အတူ တွဲကစားခဲ့တာ ဖြစ်ပေမဲ့ ရော်နယ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီကိုပဲ သူ့ရဲ့ အကြိုက် ကစားသမား အဖြစ် ရွေးချယ်ခဲ့ပါတယ်။

Photo Credit: Goal

ကာကာဟာ မက်ဆီ နဲ့ ရော်နယ်ဒိုမှာ ဘယ်သူ့ကို ပို သဘောကျသလဲလို့ အမေးခံရတဲ့ အခါမှာ ရီးရဲလ်အသင်းမှာ ရော်နယ်ဒိုနဲ့ အတူ တွဲကစားခဲ့ဖူးပေမဲ့ သူက “ကျွန်တော် ရော်နယ်ဒိုနဲ့ အတူ ကစားခဲ့ဖူးပြီး သူက တကယ် အံ့အားသင့်ဖွယ် ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော် မက်ဆီကိုပဲ ရွေးပါမယ်။ မက်ဆီက ပါရမီရှင်ပါ။ သူ ဘောလုံး ကစားတဲ့ ပုံစံက မယုံနိုင်စရာ ကောင်းတယ်။ ရော်နယ်ဒိုကတော့ စက်ရုပ်လူသားပါ။ သူက လျှင်မြန်တယ်၊ အားရှိတယ်၊ သန်မာတယ်။ သူက စိတ်ဓါတ်ပိုင်းရော သန်မာပါတယ်။ သူက အနိုင်ရဖို့ အမြဲတမ်း ကစားပါတယ်။ ဒါက သူမှာ ရှိတဲ့ မယုံနိုင်စရာ အကောင်းဆုံး အရာပါပဲ။ ဘောလုံးသမိုင်းမှာ မက်ဆီ နဲ့ ရော်နယ်ဒို သူတို့နှစ်ဦးက အကောင်းဆုံး ထိပ်သီး ကစားသမား (၅) ဦးမှာ ပါဝင်ကြပါတယ်”လို့ အခိုင်အမာ ပြောခဲ့ပါတယ်။