MySport Myanmar

နောင်တော်ကြီးတွေလို လန်ဒန်အပြာကနေ လန်ဒန်အနီ ဖြစ်လာတော့မယ့် ဟာဗက်ဇ်

ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်က သူအရှေ့က ချယ်လ်ဆီး နောင်တော်ကြီးတွေဖြစ်တဲ့ ဂျော်ဂျင်ဟို ဝီလီယံ ဒေးဗစ်လုဇ် အစရှိသူတွေရဲ့ လမ်းစဉ်အတိုင်း မြို့ခံကလပ် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ရဖို့က အလွန့်အလွန်ကို နီးစပ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းက ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ဦးစားပေး အာရုံစိုက် ကြိုးပမ်းနေချိန်မှာပဲ ချယ်လ်ဆီးရဲ့ ဂျာမန်သားလေး ဟာဗက်ဇ်ကိုပါ အရှိန်အဟုန်မြင့် ကြိုးပမ်းလာခဲ့ရာ ကစားသမားကိုယ်တိုင် အာဆင်နယ်ဆီ သွားချင်လာခဲ့သလို အခုလည်း အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ကြားမှာပါ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်တော့ ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ပေါင် (၆၅)သန်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဟာဗက်ဇ်ကို အာဆင်နယ်နည်းတူ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့ကလည်း ကြိုးပမ်းခဲ့သေးသလို ဟားဗက်ဇ်က သူ့ကို အရင်ဆုံး ကြိုးပမ်းခဲ့တဲ့ ရီးယဲလ်ကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ချယ်လ်ဆီး ခေါ်ထားတဲ့ ဈေးအတိုင်း ရီးယဲလ်က တိုးမြှင့်မပေးနိုင်ခဲ့ရာကနေ နောက်ဆုံးတော့ အာဆင်နယ်ကိုသာ ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဂျာမန်သားတစ်ဦးပေမယ့် သူက ဂျာမနီကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ထားခဲ့တာ (၃)နှစ်လောက် ရှိနေတော့ လန်ဒန်မှာလည်း အခြေတကျလည်း ဖြစ်နေသလို အာဆင်နယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိထားတာဖြစ်လို့ ဟာဗက်ဇ်က ဘိုင်ယန်ထက် အာဆင်နယ်ကိုသာ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ထွက်ပေါ်နေတဲ့ အခြေအနေအရကတော့ ဟာဗက်ဇ် အပြောင်းအရွှေ့ အပြီးသတ်ဖို့အတွက် ပေါင် (၆၅)သန်းနဲ့ အဆင်ပြေခဲ့ပြီဖြစ်လို့ ဒီပြောင်းရွှေ့ကြေးကို နှစ်အလိုက် ခွဲဝေပေးမယ့် ပမာဏနဲ့ အပိုဆုကြေးတွေအတွက်သာ အသေးစိတ် ဆွေးနွေးဖို့လောက်ပဲ ကျန်ရှိနေတော့ပြီး ဒီတစ်ပတ်ထဲမှာ အပြောင်းအရွှေ့က done deal ဖြစ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version