ဂျုဗင်တပ်စ်အသင်းဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ နာမည်ကျော်ဘောလုံးသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရမှာ အရမ်းကို ကျွမ်းကျင်လှတဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ လာမယ့်ဘောလုံးရာသီမှာလည်း ဒီလိုပုံစံနဲ့ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ လာမယ့်ရာသီမှာ နေရာစုံကို ကစားသမားသစ် ခေါ်ယူဖို့ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ခေါ်ယူခြင်းမပြုခင်မှာ အသင်းရဲ့ကစားသမားတချို့ကို ့ပြန်လည်ရောင်းချဖို့ရှိနေကာ ဒီကစားသမားတွေထဲမှာ အသင်းရဲ့ကွင်းလယ်ကစားသမား ပီယာနစ်လည်း ပါဝင်လို့နေပြီး လီဂူးထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီဆီကို ရောင်းချဖွယ်ရှိနေပါတယ်။

အသက်၂၉နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကမှ ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ အခုလက်ရှိထိ ဂျုဗင်တပ်စ်အသင်းမှာ ကွင်းလယ်မှာ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ သူရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့တာကြောင့် ဂျုဗင်တပ်စ်နည်းပြဆာရီကနေ အသင်းရဲ့ပွဲထွက်စာရင်းကနေ ချန်လှပ်လာခဲ့ပြီး လာမယ့်နွေစျေးကွက်မှာတောင် အသင်းကနေ ရောင်းချဖွယ်ရှိနေပါတယ်။

လက်ရှိမှာတော့ ပီယာနစ်ကို ပီအက်စ်ဂျီအသင်းကနေ အထူးစိတ်ဝင်စားလျက်ရှိနေကာ နွေစျေးကွက်ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ပီယာနစ်ရဲဲ့တန်ကြေးက ယူရို(၆၅)သန်းအထိ ရှိုလို့နေပြီး ဒီတန်ကြေးက ပီအက်စ်ဂျီအတွက် သိပ်ခက်ခဲတဲဲ့ ပမာဏမျိုးမဟုတ်တာကြောင့် ဂျုဗင်တပ်စ်အသင်းဘက်ကနေသာ ရောင်းချချင်စိတ်ရှိမယ်ဆိုရင် အပြောင်းအရွှေ့က သေချာပေါက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကတော့ ပီယာနစ်ကို ရောင်းထုတ်ဖြစ်မယ်ဆိုရင် သူရဲဲ့နေရာအတွက် အသင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြန်လည်အစားထိုးဖွယ်ရှိနေပါတယ်။ ပေါ့ဘာကလည်း လက်ရှိအချိန်ထိ ယူနိုက်တက်နဲ့ အနာဂတ်မရေမရာဖြစ်နေပြီး ဂျုဗင်တပ်စ်အသင်းနဲဲ့လည်း ပြန်လည်ပူးပေါင်းဖွယ်ရှိနေပါတယ်။