စီးရီးေအရဲ့ အင္အားႀကီးအသင္းတစ္သင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းကေတာ့ မၾကာခင္မွာ ေဘာလုံးကစားျခင္းကေန အနားယူဖြယ္ရွိတဲ့ ဂိုးသမားႀကီး ဘူဖြန္ေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အသင္းရဲ့ ဝါရင့္ဂိုးသမား ႏူအာကို ေခၚယူနိုင္ဖို႔ အတြက္ ခ်ိတ္ဆက္မွုေတြ စတင္ ျပဳလုပ္ထားေၾကာင္း ျပင္သစ္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Daily Mail.com

တစ္ခ်ိန္က ကမၻာ့အေကာင္းဆု​ံး ဂိုးသမား အျဖစ္ သတ္မွတ္ျခင္းကို ခံခဲ့ရတဲ့ အသက္ ၃၃ ႏွစ္ အရြယ္ ဂိုးသမားႀကီး ႏူအာဟာ လက္ရွိမွာေတာ့ ေရွာ္ေကးအသင္းကေန ဘိုင္ယန္ျမဴးနစ္ အသင္းထံကို ေျပာင္းေရႊ႕လာခဲ့တဲ့ လူငယ္ ဂိုးသမား ႏူဘယ္ေၾကာင့္ ပြဲထြက္ခြင့္မရေတာ့မွာကို စိုးရိမ္ေနသူတစ္ဦးျဖစ္ၿပီး အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနေၾကာင္း ႏူအာနဲ႔ နီးစပ္သူေတြက ဖြင့္ဟထားၾကပါတယ္။

Photo Credit: Daily Mail.com

ႏူအာဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာရခဲ့တာေၾကာင့္ ကာလအေတာ္ၾကာေအာင္ အနားယူခဲ့ရသူျဖစ္ၿပီး ဒဏ္ရာကေန ျပန္လည္ သက္သာလာခ်ိန္မွာေတာ့ အရင္လို လက္စြမ္းေတြ ျပန္ရဖို႔အတြက္ ႐ုန္းကန္ေနရသူလည္း ျဖစ္ပါတယ္။ ဂ်ာမဏီသတင္းစာေတြရဲ့ ေဖာ္ျပခ်က္အရ ႏူအာဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိကာ လာမယ့္ေႏြရာသီမွာ အသင္းေျပာင္းလိုက ေျပာင္းေရႊ႕ခြင့္ရွိေၾကာင္း သိရပါတယ္။

Photo Credit: Daily Mail.com

ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ ႏူအာဟာ ဂ်ာမဏီလက္ေရြးစင္အသင္းရဲ့ ပထမဂိုးသမား ဆိုတဲ့ ဂုဏ္ပုဒ္ကို ရဖို႔အတြက္ အသင္း ေျပာင္းေရႊ႕သင့္ေၾကာင္းနဲ႔ အသင္းေျပာင္းေရႊ႕ျဖစ္ပါက ဂ်ဴဗင္တပ္အသင္းလို ဥေရာပထိပ္သီး အသင္းတစ္သင္းထံကို ေျပာင္းေရႊ႕ျခင္းက သင့္ေတာ္တဲ့ အေျပာင္းအေရႊ႕တစ္ခု ျဖစ္လာမွာျဖစ္ေၾကာင္း သုံးသပ္ထားၾကပါတယ္။

စီးရီးအေရဲ့ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းကတော့ မကြာခင်မှာ ဘောလုံးကစားခြင်းကနေ အနားယူဖွယ်ရှိတဲ့ ဂိုးသမားကြီး ဘူဖွန်ကြောင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဝါရင့်ဂိုးသမား နူအာကို ခေါ်ယူနိုင်ဖို့ အတွက် ချိတ်ဆက်မှုတွေ စတင် ပြုလုပ်ထားကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Daily Mail.com

တစ်ချိန်က ကမ္ဘာ့အကောင်းဆု​ံး ဂိုးသမား အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ အသက် ၃၃ နှစ် အရွယ် ဂိုးသမားကြီး နူအာဟာ လက်ရှိမှာတော့ ရှော်ကေးအသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ လူငယ် ဂိုးသမား နူဘယ်ကြောင့် ပွဲထွက်ခွင့်မရတော့မှာကို စိုးရိမ်နေသူတစ်ဦးဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း နူအာနဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။

Photo Credit: Daily Mail.com

နူအာဟာ နောက်ပိုင်းနှစ်တွေမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့တာကြောင့် ကာလအတော်ကြာအောင် အနားယူခဲ့ရသူဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာတော့ အရင်လို လက်စွမ်းတွေ ပြန်ရဖို့အတွက် ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ ဂျာမဏီသတင်းစာတွေရဲ့ ဖော်ပြချက်အရ နူအာဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိကာ လာမယ့်နွေရာသီမှာ အသင်းပြောင်းလိုက ပြောင်းရွှေ့ခွင့်ရှိကြောင်း သိရပါတယ်။

Photo Credit: Daily Mail.com

ဘောလုံးကျွမ်းကျင်သူတွေကတော့ နူအာဟာ ဂျာမဏီလက်ရွေးစင်အသင်းရဲ့ ပထမဂိုးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရဖို့အတွက် အသင်း ပြောင်းရွှေ့သင့်ကြောင်းနဲ့ အသင်းပြောင်းရွှေ့ဖြစ်ပါက ဂျူဗင်တပ်အသင်းလို ဥရောပထိပ်သီး အသင်းတစ်သင်းထံကို ပြောင်းရွှေ့ခြင်းက သင့်တော်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။