မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ မလွယ်ကူတော့တဲ့ တိုက်စစ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်ကို လာမယ့်နွေမှာ ဂျုဗင်တပ်စ်အသင်းက ကာလရှည် အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Juventus are keen on signing Man United outcast Mason Greenwood on a long-term loan deal

Photo Credit : Daily Mail

ချစ်သူ မိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု လိင်ပိုင်းဆိုင်ရာ အဓမ္မဆန်မှုတွေနဲ့ ၂၀၂၂ နှစ်အစပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဂရင်းဝုဒ်ကို သူရဲ့ ကလပ် ယူနိုက်တက်အသင်းကလည်း အသင်းနဲ့ ပတ်သက်ခွင့် ဆိုင်းငံ့ထားခဲ့ပြီး အခု အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ချိန်အထိ အသင်းနဲ့ ပူးပေါင်းခွင့် မပြုသေးပဲ ရှိနေပါတယ်။ ဒီအခြေအနေကို ကစားသမားဘက်က စိတ်ပျက်နေရပြီး အရင်လို ပုံမှန် ဘောလုံး ပြန်ကစားခွင့် ရရှိချင်နေတာကြောင့် ယူနိုက်တက်နဲ့ ပူးပေါင်းခွင့် မရှိတော့ရင်တောင် အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိလာနိုင်ပါတယ်။

Photo Credit : Football Italia

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အင်္ဂလန် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကို စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းက နှစ်ရှည် အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် ဂရင်းဝုဒ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး တကယ်လို့ ယူနိုက်တက်ဘက်ကသာ ဂရင်းဝုဒ်နဲ့ စာချုပ်ဖျက်သိမ်းတာမျိုး မလုပ်ဆောင်ခဲ့ရင် သူရဲ့ စာချုပ်သက်တမ်း ကျန်ရှိနေချိန်အထိ အငှားနဲ့ ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : BenchWarmers

ဂျုဗင်တပ်စ်အသင်းဟာ အရင်ကလည်း ယူနိုက်တက် ကစားသမားဟောင်းဖြစ်သူ ပေါလ်ပေါ့ဘာကို ပြောင်းရွှေ့ကြေးတောင် မပါဝင်ပဲ ခေါ်ယူခဲ့ဖူးပြီး အသင်းမှာ (၄)နှစ် ကစားခိုင်းပြီးမှ ယူနိုက်တက်ဆီ ပြန်လည် ရောင်းချခဲ့ပါတယ်။ အခုလည်း ပေါ့ဘာက ဂျုဗင်တပ်စ်ဆီကို အလွတ်နဲ့ ထပ်မံ ရောက်ရှိလာခဲ့ပြန်ပြီး သူရဲ့ အသင်းဖော်ဟောင်း ဂရင်းဝုဒ်ကိုပါ ဂျုဗင်တပ်ဆီ ရောက်လာအောင် လုပ်ဆောင်ပေးဖွယ်ပါ ရှိနေပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတာက ဂျုဗင်တပ်စ် တစ်သင်းတည်း မဟုတ်ပဲ အေစီမီလန် ရိုးမားတို့လို စီးရီးအေ အသင်းတွေအပြင် တူရကီက ကလပ်အသင်းတွေဟာလည်း ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။