ဒီနေ့ညမှာတော့ ဘောလုံးပရိသတ်တွေရဲ့အသည်းစွဲ ချန်ပီယံလိဂ်ပွဲတွေ ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ ပြန်လည်ကျင်းပမယ့်နေ့မှာပဲ ကစားသွားမယ့်ပွဲတွေကလည်း ရှယ်ပွဲတွေဆိုတော့ ဘောလုံးပရိသတ်တွေအတွက် လုံးဝကို အိပ်ရပျက်ရကျိုးနပ်စေမယ့်ညတွေ ဖြစ်လာမှာသေချာနေပါတယ်။ ဒီညမှာ ကစားဖို့ရှိနေတဲ့ ပွဲစဉ်(၂)ပွဲထဲကမှ ဂျုဗင်တပ်စ်နဲ့ လိုင်ယွန်အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး သိရှိထားရမယ့် ပွဲအချက်အလက်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဂျုဗင်တပ်စ်

နောက်ဆုံး(၅)ပွဲအနေအထား – (၂)ပွဲနိုင် (၃)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – ဒေါက်ဂလပ်ကော်စတာ(ဒဏ်ရာ) ဒီဆီဂလီယို(ဒဏ်ရာ) ဒီဘားလား(ဒဏ်ရာ/မသေချာ)

အဓိကစောင့်ကြည့်ရမယ့်သူ – ရော်နယ်ဒို

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၃-၃)

ဂိုး – ရှက်ဇနီ

နောက်တန်း – ကွာဒရာဒို ဒီလစ် ဘနူချီ ဆန်ဒရို

အလယ် – ဘန်တန်ကာ ပီယာနစ် မာတွီဒီ

ရှေ့တန်း – ဘာနာဒက်စကီး ဟီဂွာအင် ရော်နယ်ဒို

လိုင်ယွန်

နောက်ဆုံး(၅)ပွဲအနေအထား – (၃)ပွဲနိုင် (၁)ပွဲသရေ (၂)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – ကိုနေး(ဒဏ်ရာ) တီတီ(ဒဏ်ရာ/မသေချာ) မာဆယ်လို(ဒဏ်ရာ/မသေချာ)

အဓိကစောင့်ကြည့်ရမယ့်သူ – ဒီပိုင်း

ဖြစ်နိုင်ဖွယ်လူစာရင်း (၃-၅-၂)

ဂိုး – လိုပက်စ်

နောက်တန်း – မာဆယ်လ် မာဆယ်လို ဒီနိုင်ယာ

အလယ် – ကော်နယ် ဂီမာရေစ့် တူးဆက် အော်ရာ ဒူဘိုယက်စ်

ရှေ့တန်း – ဒီပိုင်း ဒမ်ဘီလီ

စိတ်ဝင်စားဖွယ် အချက်အလက်များ

ဂျုဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သူတို့ရဲ့အိမ်ကွင်းမှာ လိုင်ယွန်အသင်းကို ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဉ်(၂)ပွဲမှာ လုံးဝရှံးပွဲမရှိသေးပဲ (၁)ပွဲနိုင် (၁)ပွဲသရေကျထားခဲ့ပါတယ်။

လိုင်ယွန်အသင်းကတော့ ချန်ပီယံလိဂ်မှာ အီတလီကလပ်တွေနဲ့ အဝေးကွင်းနောက်ဆုံး(၅)ပွဲ ဆက်လက်ကစားထားခဲ့ရာ လုံးဝနိုင်ပွဲမရှိခဲ့ပဲ (၄)ပွဲရှံးထားခဲ့ပြီး (၁)ပွဲလေးပဲ သရေကျထားခဲ့ပါတယ်။

ဂျုဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ရဲ့ရှံးထွက်အဆင့် အိမ်ကွင်းနောက်ဆုံး(၃)ပွဲမှာ (၂)ပွဲအထိကို အရေးနိမ့်ထားခဲ့ရပါတယ်။

လိုင်ယွန်ဟာ ချန်ပီယံလိဂ်ရဲ့ရှံးထွက်အဆင့် အဝေးကွင်းနောက်ဆုံး(၁၀)ပွဲမှာ လုံးဝကို အနိုင်မရခဲ့ပဲ (၈)ပွဲရှံးနိမ့်ထားခဲ့ပြီး (၂)ပွဲသရေကျထားခဲ့ပါတယ်။ ၂၀၀၆ခုနှစ်တုန်းကသာ PSV အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ သူရဲ့ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ် ရှံးထွက်ပွဲစဉ်တွေမှာ (၁၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်(၄)ကြိမ်အထိတောင် သွင်းယူခဲ့ပါတယ်။

လိုင်ယွန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာလည်း ပြီးခဲ့တဲ့ရာသီကနေစတင်ပြီး လိုင်ယွန်ရဲ့ချန်ပီယံလိဂ်သွင်းဂိုး(၁၀)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ဂျုဗင်တပ်စ်နည်းပြဆာရီဟာ သူရဲ့ဥရောပပွဲစဉ်(၂၂)ပွဲအထိ တောက်လျှောက်ကို အနိုင်ရခဲ့ပေမယ့် လိုင်ယွန်နဲ့ ပထမအကျော့ပွဲမှာပဲ သူရဲ့ရှံးပွဲမရှိမှု မှတ်တမ်းကောင်းတစ်ခု ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။