မနေ့ညကပဲ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲအဖြစ် ဆီဗီလာနဲ့ဘက်တစ်တို့ရဲ့ ဆီဗီးလ်ဒါဘီပွဲကို ပြန််လည်ကျင်းပနိုင်ခဲ့သလို ဒီနေ့ညမှာ အီတလီဘောလုံးလောကရဲ့ ထင်ရှားလှတဲ့ ရှံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုပါအီတလီယာပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကိုပါအီတလီယာပြိုင်ပွဲကတော ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး ပွဲစဉ်(၂)ပွဲထဲကမှ ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဂျုဗင်တပ်စ်နဲ့ အေစီမီလန်အသင်းအကြောင်းကို ဆွေးနွေးသုံးသပ်သွားချင်ပါတယ်။

Photo Credit : Daily Record

လက်ရှိ ဂျုဗင်တပ်စ်အသင်းဘက်မှာ နောက်ခံလူဒီမီရယ် ဒဏ်ရာရနေလို့ ဒီပွဲကို သေချာပေါက် လွဲချော်မှာဖြစ်သလို ဟီဂူအင်မှာ ပါဝင်မကစားဖို့ မသေချာတဲ့အတွက် ရော်နယ်ဒိုနဲ့ ဒီဘားလားတို့ကိုသာ တိုက်စစ်မှာ အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် ဒီဘားလားကလည်း ဗိုင်းရပ်စ်ကူးစက်ထားခံရတဲ့အရှိန်ကြောင့်
ကြံခိုင်ရေးပိုင်း အားနည်းနိုင်လို့ ရော်နယ်ဒိုတစ်ယောက်တည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ရဲ့ခံစစ်ပိုင်းကတော့ အတော်လေးကို ကျစ်လစ်နေတဲ့အပြင် ဗိုင်းရပ်စ်မဖြစ်ခင်ကာလတုန်းက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၇)ပွဲလုံး အနိုင်ရခဲ့ကာ ပေးဂိုး(၂)ဂိုးပဲ ခွင့်ပြုခဲ့ရပါတယ်။

Photo Credit : Daily Record

အေစီမီလန်ကတော့ ပထမအကျော့မှာ အနိုင်ရဖို့ နီးစပ်ခဲ့ပြီးမှ ပွဲပြီးခါနီးမှ ခွင့်ပြုလိုက်ရတဲ့ ရော်နယ်ဒိုရဲ့ချေပဂိုးကြောင့် သရေကျခဲ့တာဖြစ်လို့ အရမ်းကို နစ်နာခဲ့ရပါတယ်။ လက်ရှိမှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီးမိုဗစ်ပါ ဒဏ်ရာရနေတာက မီလန်အတွက် ထိုးနှက်ချက်ဖြစ်စေနိုင်ပါတယ်။ ခံစစ်ပိုင်းမှာလည်း အားနည်းချက်လေးတွေ ရှိနေနိုင်တဲ့ မီလန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၅)ပွဲရဲ့ ရလဒ်တွေကလည်း သာမာန်လောက်ပဲ ရှိနေပါတယ်။

Photo Credit : Paddy Power News

ပထမအကျော့မှာ ဒီနှစ်သင်းက တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားခဲ့တာဖြစ်လို့ ဒီပွဲမှာ နောက်တစ်ဆင့်အသင်း ဘယ်သူဖြစ်မလဲဆိုတာကို အသေအချာ အဖြေရှာရတော့မှာဖြစ်လို့ အရမ်းကို အကြိတ်အနယ်ရှိနေမှာပါ။ ဒါပေမယ့် ပွဲဲတွေရပ်နားထားတာကလည်း အချိန်အနည်းငယ် ကြာမြင့်သွားခဲ့လို့ အသင်းတွေရဲ့ခြေစွမ်းခြေစတွေကိုတော့ မှန်းဆရခက်နိုင်ပါတယ်။ ဒါပေမယ့် ဆုံတွေ့မှုတိုင်းမှာ အသာရနေတတ်သလို လတ်တလောအခြေအနေတွေမှာလည်း ပိုကောင်းမွန်နေတဲ့ ဂျုဗင်တပ်စ်ကပဲ အနိုင်ရသွားမယ်လို့ ယူဆမိပါတယ်။