စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကတော့ ဘာစီလိုနာအသင်းမှာ အားကစားဒါရိုက်တာ အဘီဒယ်နဲ့ ပြဿနာတက်နေတဲ့ အဓိက ကစားသမား မက်ဆီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ အီတလီအခြေစိုက်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Fox Sports.com

ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ် အရ ရာသီကုန်တိုင်းမှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားတဲ့ မက်ဆီဟာ အသင်းတွင်းမှာ ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပြီး အဘီဒယ်နဲ့ပြဿနာတက်ခဲ့သလို အသင်းရဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်တ​ဲ့ ပီကေးနဲ့လည်း လေ့ကျင့်ရေးကွင်းမှာ စကားများခဲ့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Fox Sports.com

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ ဆရာကျလွန်းတဲ့ ဂျူဗင်တပ် အသင်းဟာ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာတယ်လို့ သိရကာ ဘောလုံးပရိသတ်တွေ မြင်ချင်နေတဲ့ စီရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့ အတွဲကို စီးရီးအေမှာ မြင်တွေ့ခွင့်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Fox Sports.com

ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူဗင်တပ် ဟာ မက်ဆီကို ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားတဲ့ လစာပမာဏကို ပေးချေသွားမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းမှာဖြစ်ကြောင်း သိရကာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့အတွဲကို မြင်တွေ့ခွင့်ရချင်နေတဲ့ ဘောလုံးပရိသတ်တွေအတွက် ဒီသတင်းဟာ သတင်းကောင်း တစ်ပုဒ်ပါပဲ။