အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ရိုနယ်ဒိုကို လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ ရောင်းချဖို့ အတွက် ပြင်ဆင် လာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေး ထားရာမှာ သွင်းဂိုး ၆ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားတာကြောင့် ဂျူဗင်တပ် အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြနေပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ရိုနယ်ဒိုရဲ့ အနေအထားကို ပြန်လည် စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ကိုရိုနာဗိုင်းရပ်ကြောင့် အသင်းရဲ့ ဝင်ငွေတွေ လျော့သွားတဲ့ အချိန်မှာ အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ရိုနယ်ဒိုကို ရောင်းချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ရိုနယ်ဒိုဟာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ စီးရီးအေပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်နေသလို သူ့ရဲ့ လုပ်ခလစာကို အတိအကျ မသိရသေးပေမယ့် သူ့ရဲ့ လုပ်ခလစာဟာ တစ်နှစ်လုပ်ခ ပေါင် ၂၈သန်း ရှိမယ်လို့ အီတလီ သတင်းဌာနတွေက ဖော်ပြ ထားကြပြီး သူ့ရဲ့ လုပ်ခလစာဟာ ဂျူဗင်တပ်အသင်းရဲ့ ဒုတိယ လုပ်ခ လစာအမြင့်ဆုံး ကစားသမား ဖြစ်သူ ဒိုင်ဘာလာထက် ၅ဆခန့် ပိုမို မြင့်မားကြောင်း SPORT သတင်းဌာနက ဖော်ပြ သွားပါတယ်။

Photo Credit: Goal

 

စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနကလည်း ဂျူဗင်တပ်အသင်းက ရိုနယ်ဒိုကို ရောင်းချဖို့ အတွက် စဉ်းစားနေပြီ ဆိုတဲ့ သတင်းတွေကို အတည်ပြု သွားပြီး ဂျူဗင်တပ်အသင်း ဟာ ရိုနယ်ဒိုကို ပြန်လည် ရောင်းချတဲ့ အခါမှာ ရိုနယ်ဒိုကို ဝယ်ယူစဉ်က သူတို့အသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းခန့် အလိုရှိနေကြောင်း ဆိုပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်သလို သူ့ရဲ့ အသက်အရွယ်အရ ရိုနယ်ဒိုကို ယူရို ၁၀၀သန်း အထိ ပေးကာ ခေါ်ယူမယ့် အသင်းတွေ မရှိပေမယ့် ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။