ဂျုဗင်တပ်စ်အသင်းဟာ အသင်းခံစစ်ပိုင်းအတွက် အင်္ဂလန် ခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ အဲရစ် ဒိုင်ယာတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဘရီမာနဲ့ ကာဘယ်လ်တို့ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ဒီရာသီထဲမှာတောင် ဘောလုံးပြန်ကစားဖို့ မလွယ်ကူနိုင်တော့တဲ့အတွက် ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးဖို့ နောက်ခံလူအသစ်တွေကို ခေါ်ယူချင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Blasting News

လက်ရှိ ဂျုဗင်တပ်စ်အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် ဒန်နီလို ၊ ဂတ်တီ ၊ ကာလူလူတို့သာ ရှိနေကြပြီး ဘရီမာနဲ့ ကာဘယ်လ်တို့ကတော့ လာမယ့် ၂၀၂၅ခုနှစ်အထိ အနားယူရမှာဖြစ်လို့ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ ခံစစ်ကစားသမားသစ်တစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လက်ရှိ ဂျုဗင်တပ်စ်အသင်း ပစ်မှတ်ထားနေတဲ့ ခံစစ်ကစားသမားထဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားနဲ့ စပါးနောက်ခံလူဟောင်း ဒိုင်ယာတို့ ပါဝင်လာခဲ့ပါတယ်။ ဒီခံစစ်ကစားသမား (၂)ဦးလုံးက ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit : Football London

ဂျုဗင်တပ်စ်အနေနဲ့ ခံစစ်ကစားသမားသစ် ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေးကို သိပ်မသုံးလိုတာကြောင့် ဆောင်းဈေးကွက်အတွင်းမှာ cut-priced တန်ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် မက်ဂွိုင်းယားနဲ့ ဒိုင်ယာတို့ကို ကမ်းလှမ်းသွားချင်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကစားသမားတွေဟာလည်း သူတို့ရဲ့ လက်ရှိကလပ်တွေမှာ အနာဂတ်အခြေအနေ သိပ်မကောင်းကြတော့တဲ့ အနေအထားတွေ ရှိနေတာကြောင့် ဒါကလည်း ဂျုဗင်တပ်စ်အတွက် အသုံးချချင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ကတော့ မက်ဂွိုင်းယားနဲ့ ဒိုင်ယာမှာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ မက်ဂွိုင်းယားကို ရရှိဖို့ ပိုမို ဦးစားပေး ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။