အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ ဒိုင်ဘာလာနဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာတို့ကို အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ် ကစားသမား ဒိုင်ဘာလာဟာ ပါလာမိုအသင်း ကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ လာခဲ့အပြီးမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာခဲ့ပေမယ့် ဂျူဗင်တပ် အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ပီယာလိုနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်နေပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲသာ ပါဝင် ကစားပေးခွင့် ရထားကာ သွင်းဂိုး ၁ဂိုးသာ သွင်းယူ ထားနိင်ပါတယ်။

Photo Credit: Setty News

တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်နေကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက ပေါ့ဘာရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဘဝဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ပါတယ်။ ဒါ့အပြင် ရိုင်းအိုလာက ပေါ့ဘာရဲ့ အသင်းသစ်ဟာ ဂျူဗင်တပ်အသင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေလည်း ပြုလုပ် ခဲ့ပါသေးတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေ ကတော့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုက သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့သူ ပေါ့ဘာရဲ့ ခြေစွမ်းကို အလွန် သဘောကျသူ ဖြစ်ပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ပေါ့ဘာကို ခေါ်ယူဖို့ ဂျူဗင်တပ် အသင်းရဲ့ တာဝန်ရှိသူတွေကို ကြိုးစား ခိုင်းထားကြောင်း သိရပါတယ်။

Photo Credit: Setty News

ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂျူဗင်တပ် အသင်းဟာ နည်းပြ ပီယာလိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ အသင်းရဲ့ တိုက်စစ် ကစားသမား ဒိုင်ဘာလာကို ပေါ့ဘာနဲ့ တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ကမ်းလှမ်း သွားမှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။ အီတလီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Calcio Mercato ကလည်း ဂျူဗင်တပ် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစား လာမှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ် အကျပ်အတည်းကြောင့် ပေါ့ဘာကို ခေါ်ယူဖို့ ငွေသား ပေးချေနိုင်ခြင်း ရှိမှာ မဟုတ်ပဲ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့တဲ့ ဒိုင်ဘာလာနဲ့ ပေါ့ဘာကို အလဲအထပ် ပြုလုပ်ဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ကမ်းလှမ်းမှာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က သူတို့ရဲ့ ကမ်းလှမ််းမှုကို လက်ခံမယ်လို့ ယုံကြည်နေကြောင်း ဖော်ပြခဲ့ပါတယ်။