MySport Myanmar

ဒီလစ်နေရာ ဘရီမာနဲ့ အစားထိုးဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့တဲ့ ဂျုဗင်တပ်စ်

ဂျုဗင်တပ်စ်အသင်းဟာ မကြာခင်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မယ့် နောက်ခံကစားသမား ဒီလစ်နေရာမှာ နောက်ထပ် ခံစစ်ကစားသမားတစ်ဦး ပြန်လည် အစားထိုးသွားဖို့အတွက် တိုရီနိုအသင်းရဲ့ ဘရာဇီးလ် ခံစစ်မှူး ဂလယ်ဆွန်ဘရီမာကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ခေါ်ယူသွားဖို့ အပြင်းအထန် ကြိုးပမ်းလျက်ရှိရာ သဘောတူညီမှုပါ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Juvefc

ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်နွေမှာ အသင်းရဲ့ ဝါရင့်ခံစစ်မှူးကြီး ချီလီနီကို အမေရိကန် မေဂျာလိဂ်ကလပ် LAFC အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရသလို အသင်းအတွက် အရေးပါလှတဲ့ ခံစစ်မှူးတစ်ဦးဖြစ်သူ ဒီလစ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားတော့မှာ ဖြစ်တာကြောင့် center-back နေရာအတွက် ကူလီဘလီ ဂါဘရီရယ်တို့ကို ပစ်မှတ်ထားရာ မအောင်မြင်ခဲ့လို့ တိုရီနို ခံစစ်မှူး ဘရီမာကို ဦးစားပေး ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ဟာ ဘရီမာကို အင်တာမီလန်နဲ့ အပြိုင်ကမ်းလှမ်းနေတာဖြစ်ပြီး လက်ရှိ ဂျုဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုက အင်တာကမ်းလှမ်းမှုထက် သာလွန်နေတာဖြစ်လို့ ဘရီမာကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့ရာကနေ နောက်ဆုံးမှာ တိုရီနိုအသင်းနဲ့ပါ သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Semperinter

အသက်(၂၅)နှစ်အရွယ်ရှိ ဗဟိုနောက်ခံကစားသမား ဘရီမာဟာ သူရဲ့စီနီယာ ကစားသမားဘဝကို ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ စီးရီးအေကလပ် တိုရီနိုအသင်းက ဘရီမာကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ တိုရီနိုအသင်းဟာ ဘရီမာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး နောက်ခံလူဆုပါ ရရှိထားခဲ့တာကြောင့် သူရဲ့တန်ကြေးက အနည်းဆုံး ယူရို(၃၅)သန်းအထိကို တန်ကြေးရှိနေရပါတယ်။ ခံစစ်မှူးတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ physical မျိုးကို ပိုင်ဆိုင်ထားတဲ့ ဘရီမာဟာ အမြင့်ဘောတွေ ရှင်းထုတ်ပုံနဲ့ ခံစစ်မှာ နေရာယူပုံတွေပါ ကောင်းမွန်တဲ့အပြင် အမြန်နှုန်းလည်း ကောင်းမွန်သူဖြစ်လို့ သူ့ကို အင်တာနဲ့ ဂျုဗင်တို့ အပါအဝင် ပရီးမီးယားလိဂ် အသင်းတွေကပါ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဘရီမာကို ဂျုဗင်တပ်စ်နဲ့ အင်တာ နှစ်သင်းတို့သာ အပြိုင်လိုက်နေကြပြီး အင်တာက ယူရိုသန်း(၃၀)နဲ့ ကဆာဒီကို အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့် ဂျုဗင်ဘက်ကတော့ အပိုဆုကြေး အပါအဝင် ယူရို(၄၇)သန်းနဲ့ ကမ်းလှမ်းထားလို့ ဒီကမ်းလှမ်းမှုကို တိုရီနိုဘက်က လက်ခံခဲ့ပြီး ကစားသမားဘက်ကပါ လက်ခံသွားဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version