MySport Myanmar

ဒီလစ်နေရာမှာ အစားထိုးဖို့အတွက် ပါအူတောရက်စ်ကို စိတ်ဝင်စားလာခဲ့တဲ့ ဂျုဗင်တပ်စ်

အသင်းရဲ့ ဝါရင့်ခံစစ်မှူးကြီး ချီလီနီကို မေဂျာလိဂ်ကလပ် LAFC အသင်းဆီကို လက်လွတ်ထားခဲ့ရသလို အဓိကနောက်ခံလူ ဒီလစ်ကိုလည်း ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချသွားရဖွယ်ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေပြိုင်ဘက် နာပိုလီအသင်းရဲ့ ခံစစ်မှူး ကူလီဘလီကို ခေါ်ယူအားဖြည့်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကူလီဘလီက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဗီလာရီးယဲလ်အသင်းရဲ့ စပိန်ခံစစ်မှူး ပါအူတောရက်စ်ကိုသာ ပြောင်းလဲပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Football Espana

နယ်သာလန်လက်ရွေးစင် ထိပ်တန်းနောက်ခံလူ ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချသွားရဖို့ ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ခံစစ်ပိုင်းကို ပြန်လည်အားဖြည်ဖို့အတွက် ဆီနီဂေါခံစစ်မှူးကြီး ကူဘီဘလီကို ချဉ်းကပ်ခဲ့ပေမယ့်လည်း ကူလီဘလီကို ချယ်လ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာကြောင့် နောက်ထပ် ခံစစ်ကစားသမားအဖြစ် ပါအူတောရက်စ်ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား တောရက်စ်ဟာ ဗီလာရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို ဥရောပထိပ်တန်း ကလပ်အသင်းကြီးများစွာ စိတ်ဝင်စားခြင်းကို ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit : Juvefc

ဗီလာရီးယဲလ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာ အရည်အသွေးမြင့် နောက်ခံလူတစ်ဦး ဖြစ်လို့နေတဲ့ ပါအူတောရက်စ်ဟာ ဗီလာရီးယဲလ်ရဲ့ အရေးပါဆုံး ကစားသမားဖြစ်သလို သူရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိပါ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရှုံးထွက်အဆင့်တွေမှာ ဂျုဗင်တပ်စ် ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးတွေကို ကျော်ဖြတ်လာနိုင်ခဲ့ခြင်းဟာလည်း ပါအူတောရက်စ် ဦးဆောင်တဲ့ ဗီလာရီးယဲလ်ခံစစ်ပိုင်း ကျစ်လစ်မှုကြောင့်ဖြစ်ပြီး သူရဲ့လက်ရှိ form ကြောင့် တောရက်စ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ ပိုမိုတိုးများလာခဲ့သလို ဒီအသင်းတွေထဲမှာ ဂျုဗင်တပ်စ်လည်း ပါဝင်လာခဲ့ပါတယ်။ ဗီလာရီးယဲလ်ဘက်ကတော့ သူတို့ရဲ့ main player ဖြစ်သူ တောရက်စ်ကို အသင်းကနေ ရောင်းမထုတ်သွားချင်ပေမယ့် မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)အထိ ပြန်လည် အလိုရှိနေတယ်လို့ သိရပါတယ်။ ဂျုဗင်အနေနဲ့ တောရက်စ်အတွက် ယူရိုသန်း(၅၀)ထိ အသုံးမပြုချင်ပေမယ့်လည်း သူတို့ရဲ့ ပစ်မှတ် ကူလီဘလီရော ဘရီမာရောပါ လက်လွတ်ထားရပြီဖြစ်လို့ တောရက်စ်ကိုပဲ မဖြစ်မနေ ခေါ်ယူရဖွယ် ရှိနေပါတယ်။

Exit mobile version