အင်္ဂလန် အခြေစိုက် TheSun သတင်းက ဂျုဗင်တပ်အသင်းဟာ နည်းပြ ဆာရီကို အသင်း နည်းပြ အဖြစ်ကနေ ထုတ်ပယ်ပြီးနောက် စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချယ်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်ပြီးပြီ ဖြစ်ပါတယ်လို့ ဖော်ပြသွားလိုက်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၁၆) သင်းအဆင့်ကနေ ပြုတ်သွားခဲ့ပြီးနောက် အသင်းရဲ့ နည်းပြ ဆာရီကို ထုတ်ပယ်သွားခဲ့တာ ဖြစ်ပြီး နည်းပြ ဆာရီရဲ့ နေရာမှာ အစားထိုးဖို့အတွက် နည်းပြ ပိုချယ်တီနိုကို ဆက်သွယ်ခဲ့တယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။

Photo Credit: Thesun

ဂျုဗင်တပ်အသင်းဟာ ယနေ့ သြဂုတ်လ (၈) ရက်နေ့၊ နေ့လည်ပိုင်းမှာ နည်းပြ ဆာရီကို အသင်းနည်းပြအဖြစ်က ထုတ်ပယ်လိုက်ပြီ ဖြစ်တယ်လို့ အတည်ပြုပြီး ဂျုဗင်တပ်အသင်းက “ဂျုဗင်တပ်အသင်းအနေနဲ့ နည်းပြ ဆာရီကို ပထမအသင်းရဲ့ နည်းပြအဖြစ်က ထုတ်ပယ်ပြီ ဖြစ်ကြောင်း ကြေညာချင်ပါတယ်။ အသင်းအနေနဲ့ နည်းပြ ဆာရီကို စီးရီးအေ ဆုဖလား ရယူပြီး အသင်းရဲ့ သမိုင်းမှာ စာမျက်နှာသစ် ရေးထိုးခဲ့တာအတွက် နဲ့ အီတလီ ဘောလုံးမှာ တက်လှမ်းလာခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွက် ကျေးဇူးတင်ပါတယ်”လို့ တရားဝင် စာစောင် ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit: Thesun

Sportitalia သတင်းက ဂျုဗင်တပ်အသင်းဟာ စပါးအသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ နည်းပြခဲ့တဲ့ စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချယ်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ချင်ပြီ ဆက်သွယ်ပြီးပြီ ဖြစ်တယ်လို့လည်း အခိုင်အမာ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပိုချယ်တီနိုဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က နိုဝင်ဘာလမှာ စပါးအသင်းရဲ့ နည်းပြအဖြစ်က ထုတ်ပယ်ခံရပြီးတဲ့နောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေပြီး ဂျုဗင်တပ်အသင်းက နည်းပြ ပိုချယ်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့အတွက် ဆက်သွယ်ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းရဲ့ ဥက္ကဌ အန်ဒရီးယား အနယ်လ်လီဟာ နည်းပြ ဆာရီရဲ့ နေရာမှာ ရီးရဲလ် နည်းပြ ဇီဒန်းကို အစားထိုးချင်ပေမယ့်လည်း နည်းပြ ဇီဒန်းအနေနဲ့ အသင်းကနေ ထွက်သွားဖို့ အလားအလာ မရှိတာကြောင့် နည်းပြ ပိုချယ်တီနိုကို နည်းပြသစ် အဖြစ် ခန့်နိုင်ချေ ရှိပါတယ်။