ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြစ်သူဆာရီက သူနဲ့အတူ နာပိုလီမှာရော ချယ်လ်ဆီးအသင်းတွေမှာ အတူတကွ လက်တွဲခဲ့ဖူးတဲ့ သူရဲ့တပည့်ဟောင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ဂျုဗင်တပ်စ်အသင်းဆီ ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားလို့နေပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးသီးသန့်နဲ့ မကမ်းလှမ်းချင်ပဲ အသင်းမှာ အနာဂတ်ပျောက်ဆုံးလို့နေတဲ့ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ဒေါက်ကလပ်ကော်စတာနဲ့ ဂျော်ဂျင်ဟိုနဲ့ ကစားသမားချင်းကိုသာ တိုက်ရိုက်လဲလှယ်မယ့်ပုံစံနဲ့သာ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဂျုဗင်တပ်စ်နည်းပြဆာရီဟာ အသက်(၂၈)နှစ်အရွှယ်ရှိ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို အသင်းအတွက် အလိုရှိနေတာဖြစ်ပြီး ဂျော်ဂျင်ဟိုကိုလည်း သူရဲ့နည်းစနစ်နဲ့ အံ့အဝင်နိုင်ဆုံးသူလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပီယာနစ်က အသင်းကနေထွက်ခွာပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေတာကြောင့် သူရဲ့နေရာအတွက် ဆာရီက တပည့်ဟောင်း ဂျော်ဂျင်ဟိုနဲ့ပဲ အစားထိုးသွားချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်ကနေ ဂျော်ဂျင်ဟိုအတွက် သတ်မှတ်ထားတဲ့ ပေါင်(၄၅)သန်းကို မပေးချေချင်တာကြောင့် ကော်စတာနဲ့ တိုက်ရိုက်လဲလှယ်ဖို့ကိုသာ တောင်းဆိုဖွယ်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကြောင့် ကစားသမားသစ်တွေကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖို့ လိုအပ်နေပြီး ဒီလိုရောင်းထုတ်မယ့် ကစားသမားတွေစာရင်းမှာ ဂျော်ဂျင်ဟိုလည်း ပါဝင်လို့နေပါတယ်။ ချယ်လ်ဆီးက လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းအတွင်း အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့် ဂေးလ်မောနဲ့ လော့တပ်ချိဖ်တို့ကိုသာ နေရာပိုပေးဖွယ်ရှိနေတာကြောင့် ဂျော်ဂျင်ဟိုကိုရော ကန်တီကိုပါ အသင်းကနေ ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားတွေဖြစ်တဲဲ့ ဝီလီယံနဲ့ ပတ်ဒရိုတို့မှာလည်း အသင်းကို စွန့်ခွာဖွယ်ရှိနေတာကြောင့် ဂျုဗင်တပ်စ်ဘက်ကနေ ဒေါက်ကလပ်ကော်စတာာနဲ့ ကမ်းလှမ်းမှုကို လက်သင့်ခံဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် အေဂျက်စ်အသင်း ကွင်းလယ်ကစားသမားဇီယက်ရှ်ကို ခေါ်ယူထားသလို လိုက်ပ်ဇစ်ရဲ့ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကိုလည်း ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူထားခဲ့ပါတယ်။