အီတလီစီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းဟာ သူတို့အသင်းအတွက် လိုအပ်ချက်ကြီးတစ်ခုလို ဖြစ်နေရတဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့အတွက် မစ္စတာချန်ပီယံလိဂ်လို့ တင်စားခေါ်ဆိုရမယ့် ချန်ပီယံလိဂ်ဆုဖလားကို ၅ကြိမ်တိုင်တိုင် ဆွတ်ခူးထားခဲ့တဲဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ၂၀၁၈ခုနှစ်ကနေ ရီးရဲလ်မက်ဒရစ်အသင်းကနေ ယူရိုသန်းတစ်ရာနဲ့ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ရဖို့အတွက် နောက်ထပ်ကစားသမားကောင်းခေါ်ယူမှုတွေ လိုအပ်နေသေးတာဖြစ်လို့ လီဗာပူးလ်အသင်းမှာ အရမ်းကိုတောက်ပလို့နေတဲ့ ဗန်ဒိုက်ကိုပါ လာမယ့်နွေစျေးကွက်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အသက်၂၈နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမားဗန်ဒိုက်က ၂၀၁၈ခုနှစ် ဇန်နဝါရီလကမှ ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီကို ပေါင်ရ၅သန်း(အဲ့ဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က လူပေါင်းများစွာရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဗန်ဒိုက်က လီဗာပူးလ်နဲ့ ပွဲဦးထွက်မှာပဲ သူရဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ကာ အခုအချိန်ထိ အသင်းရဲ့ခံစစ်ပိုင်းအတွင်း အဓိကအကျဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကိုပါ ပိုင်ဆိုင်ခဲ့တဲ့ ဗန်ဒိုက်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဆုဖလားကို အရယူဖို့ အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။

Photo Credit : Getty Images

တကယ်လို့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါက သူ့အတွက် တခြားသော အောင်မြင်မှုတွေကို ထပ်မံရှာဖွေလာနိုင်စေရန်နိုင် အသင်းပြောင်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိတာကြောင့်မို့ ဒါကို ဂျုဗင်တပ်စ်ဘက်ကနေ အခွင့်ကောင်းယူနိုင်အောင် ပြင်ဆင်နေတာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဗန်ဒိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း၁၅၀နဲ့ ကမ်းလှမ်းသွားဖို့ အသင့်ရှိနေပြီး ဒီတန်ကြေးက ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူခဲ့စဉ်တုန်းက လီဗာပူးလ်သုံးစွဲဲခဲ့တဲ့ ပမာဏရဲ့နှစ်ဆလောက်အထိကို များပြားနေပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကို လီဗာပူးလ်အသင်းကနေ လက်လွတ်သွားဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါးသလို ဗန်ဒိုက်ကိုယ်တိုင်ကလည်း လီဗာပူလ်ရဲ့ဂန္တဝင်ကစားသမားတစ်ယောက် ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားတာကြောင့် ပေါင်သန်း၁၅၀နဲ့ ကမ်းလှမ်းဖြစ်မယ်ဆိုရင်တောင် ဂျုဗင်တပ်စ်အသင်းအတွက် ခက်ခဲနိုင်ပါတယ်။