တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့် ခေါ်ယူသွားဖို့ လိုအပ်နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ တ်ိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းထက် စီးရီးအေ အတွေ့အကြုံတွေရှိတဲ့ မာဆေးလ် တိုက်စစ်မှူး မီလစ်ခ်ကိုသာ ဦးစားပေး ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ဒီဘားလားကို ရိုးမားအသင်းဆီ free transfer နဲ့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး အငှားစာချုပ် ပြည့်သွားတဲ့ မိုရာတာကို အသက်လက်တီကိုအသင်းဆီ ပြန်လည် စေလွှတ်ထားခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့်လောက် ခေါ်ယူအားဖြည့်သွားချင်နေပြီး လက်ရှိမှာတော့ ဘာစီလိုနာ တိုက်စစ်ကစားသမား ဒီပိုင်းနဲ့ မာဆေးလ် တိုက်စစ်မှူး မီလစ်ခ်တို့ကို ပစ်မှတ်ထားနေပါတယ်။ ကနဦးက ဂျုဗင်တပ်စ်အသင်းဟာ နယ်သာလန် တိုက်စစ်ကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ အခြေအနေ များခဲ့ပေမယ့် နောက်ပိုင်းမှသာ နာပိုလီ ကစားသမားဟောင်း ပိုလန်တိုက်စစ်မှူး မီလစ်ခ်ကိုသာ ပိုမိုမျက်စိကျလာခဲ့ပါတယ်။

Arkadiusz Milik: Tottenham unlikely to sign Napoli striker but Troy Deeney  an option | Football News | Sky Sports

Photo Credit : Sky Sports

အီတလီသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းအနေနဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ဒီပိုင်းထက် မီလစ်ခ်ကိုသာ ပိုမို အလိုရှိနေပြီး အပြီးသတ် ပြောင်းရွှေ့ခွင့် မပါဝင်ပဲ တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အနေနဲ့ မီလစ်ခ်ရဲ့အေးဂျင့်နဲ့ရော မာဆေးလ်အသင်းနဲ့ပါ တွေဆုံဆွေးနွေးဖို့ လုပ်ဆောင်ထားပြီး မီလစ်ခ်ကိုယ်တိုင်ကလည်း စီးရီးအေကို ပြန်လာချင်တာကြောင့် ဂျုဗင်တပ်စ်နဲ့ ပူပေါင်းသွားချင်နေပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိ ကစားသမား မီလစ်ခ်ဟာ ပိုလန်ကလပ် Górnik Zabrze အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝအတွင်း လေဗာကူဆင် အိုင်းယတ်စ် နာပိုလီအသင်းတွေမှာ ပါဝင်ခဲ့ဖူးသလို နာပိုလီနဲ့လည်း စီးရီးအေ (၄)ရာသီအထိ ဖြတ်သန်းထားနိုင်ခဲ့ကာ စီးရီးအေ (၉၃)ပွဲကစား စုစုပေါင်း (၃၈)ဂိုး သွင်းယူထားခဲ့ပါတယ်။ မီလစ်ခ် နာပိုလီအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်းမှာပဲ ဂျုဗင်တပ်စ်က မီလစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းရဲ့တ်ိုက်စစ်မှာ ဗလာဟိုဗစ်နဲ့အတူ နေရာအပြိုင်အဆိုင် ဖြစ်ဖို့အတွက် မီလစ်ခ်ကို အရ ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။