ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ သူတို့ကစားသမားဟောင်း ပေါလ်ပေါ့ဘာကို ပြန်လည်ခေါ်ယူသွားဖို့ လုပ်ဆောင်နေသလို ပေါ့ဘာရဲ့ အသင်းဖော်ဖြစ်သူ ဂျက်ဆီလင်ဂတ်ကိုပါ တစ်ပါတည်း ခေါ်ယူသွားဖို့ပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရှိရပါတယ်။

jesse-lingard-manchester-united-22092021

Photo Credit : Goal

အသက်(၂၉)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အသက်(၇)နှစ်သားရွယ်မှာကတည်းက ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၃၂)ပွဲအထိကို ကစားထားခဲ့ပေမယ့် အသင်းဘက်က သူ့ကို နေရာမပေးနိုင်တော့ပဲ အသင်းကနေ free transfer နဲ့ ထွက်ခွာခွင့်ပြုလိုက်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် စီးရီးအေက အသင်းတွေကပါ လင်ဂတ်ရဲ့ အခြေအနေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လာခဲ့ပါတယ်။ ဒီလို လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ စီးရီးအေ ထိပ်တန်းအသင်းကြီး ဂျုဗင်တပ်စ်ပါ ပါဝင်လာခဲ့ပါတယ်။

Manchester United confirm Jesse Lingard exit - Sports Mole

Photo Credit : Sportsmole

ပရီးမီးယားလိဂ်ကနေ စီးရီးအေပြိုင်ပွဲဆီကို ပြောင်းရွှေ့ကစားလာကြတဲ့ အင်္ဂလန် ကစားသမားတွေဖြစ်သူ စမောလင်း အေဘရာဟမ် တိုမော်ရီတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ပုံမှန်ကစားခွင့်တွေ ရရှိနေကြသလို အေဘရာဟမ်နဲ့ တိုမော်ရီတို့ဆိုရင်လည်း အင်္ဂလန်လက်ရွေးစင်အတွက်ပါ ရွေးချယ်ထားခံရပြီး စမောလင်းဟာလည်း ရိုးမားအသင်းနဲ့ ယူရိုပါကွန်းဖရန့်လိဂ်ဖလားကိုပါ ပိုင်ဆိုင်ထားတာဖြစ်လို့ လင်ဂတ်အနေနဲ့လည်း စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားလာနိုင်ပါတယ်။ လက်ရှိမှာ လင်ဂတ်ကို ဝက်စ်ဟမ်း နယူးကာဆယ်တို့လို ပရီးမီးယားလိဂ်အသင်းတွေအပြင် ဂျုဗီနဲ့ အေစီမီလန် ရိုးမားတို့လို စီးရီးအေ ထိပ်တန်းအသင်းတွေကပါ အလိုရှိနေတာကြောင့် လင်ဂတ်အတွက် ရွေးချယ်စရာ options တွေက များနေနိုင်ပါတယ်။ ဒါပေမယ့် လင်ဂတ်က လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် သူ့ကို ပွဲထွက်ကစားခွင့်တွေ ပိုမိုပေးနိုင်မယ့် ကလပ်အသင်းတစ်ခုကိုသာ ရွေးချယ်သွားဖွယ် ရှိနိုင်တာကြောင့် ဂျုဗင်တပ်စ်လို ကွင်းလယ်လူတွေ ပေါများနေတဲ့ ကလပ်အသင်းမျိုးထက် အခြားသောအသင်းကိုသာ ဦးစားပေး ရွေးချယ်သွားနိုင်ပါတယ်။