စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းကတော့ လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရလျက်ရှိနေပြီး လာမယ့်ဧပြီလလောက်ထိကို အနားယူရဖွယ်ရှိနေသလို ဒီနှစ်ဘောလုံးရာသီအကုန်မှာလည်း သူရဲ့ကစားသမားဘဝကို နောက်ထပ်တစ်ဆင့်မြင့်တတ်ဖို့အတွက် စပါးအသင်းကို စွန့်ခွာဖွယ်ရှိနေသလို ဟယ်ရီကိန်းကိုလည်း ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် မန်စီးတီးအသင်းတွေက စိတ်ဝင်စားနေတဲ့အပြင် အခြားသော ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် ဘာစီလိုနာအသင်းတို့ကလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။

Photo Credit : Getty Image

လက်ရှိမှာတော့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်တိုက်စစ်ကစားသမားကို ယူနိုက်တက်အသင်းနဲ့အပြိုင် ဂျုဗင်တပ်စ်အသင်းကနေလည်း ခေါ်ယူဖို့အတွက် အတော်လေးကို စိတ်ဝင်တစားရှိလို့နေပြီး အသင်းရဲ့တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်ဒို ပေါ်လိုဒီဘားလားတို့နဲ့ တွဲဖက်အသုံးပြုသွားချင်နေတာဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ကစားသမား ဟီဂွာအင်က အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတာကြောင့်မို့ အထောင်တိုက်စစ်နေရာအတွက် ဟယ်ရီကိန်းကို အစားထိုးသွားချင်နေတာဖြစ်ကာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အထောင်တိုက်စစ်နေရာအတွက် အင်တာမီလန်ကနေ ပီအက်စ်ဂျီကို အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူးအီကာဒီ လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်တိုက်စစ်မှူး တီမိုဝါနာတို့ကို ပစ်မှတ်ထားနေတာဖြစ်ပေမယ့် ခေါ်ယူဖို့က ခက်ခဲဖွယ်ရှိတာကြောင့် အသင်းနဲ့ လမ်းခွဲချင်နေတဲ့ ဟယ်ရီကိန်းဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ အဓိကတော့ ဟယ်ရီကိန်းကို ခေါ်ယူချင်တာဟာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့တိုက်စစ်တာဝန်တွေ ဝန်ပေါ့သွားအောင် လုပ်ဆောင်ပေးတာကြောင့်ဖြစ်ပြီး သူရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ ဘန်ဇီမာနဲ့ တွဲဖက်ကစားတုန်းကလို တိုက်စစ်ကို လွတ်လွတ်လပ်လပ် ရွှေ့လျားကစားနိုင်စေဖို့အတွက် ဘန်ဇီမာကို အလိုရှိရတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းက သူတို့ရဲ့ အဓိက ကစားသမားကို အလွယ်တကူ မဟုတ်တဲ့အပြင် ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့အတွက် စတင်လုပ်ဆောင်နေပြီဖြစ်လို့ ကိန်းကို ဂျုဗင်တပ်စ်မှာ မြင်တွေ့ရဖို့က ခက်ခဲနိုင်ပါတယ်။