MySport Myanmar

ဂျုဗီအနေနဲ့ စူပါလိဂ်ကို ဆက်လက်စီစဉ်မယ်ဆိုရင် စီးရီးအေက ထုတ်ပယ်ခံရမယ်လို့ သတိပေးခံရ

ဥရောပ အင်အားကြီး ကလပ်အသင်းတွေအနေနဲ့ စူပါလိဂ်ဆိုတဲ့ ဘောလုံးပြိုင်ပွဲသစ်တစ်ခုကို ပူးပေါင်းကျင်းပသွားဖို့ စီစဉ်နေခဲ့တာဟာ အချိန်တစ်ခုထိကို ရှိနေပြီဖြစ်ပေမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) သက်ဆိုင်ရာ ဘောလုံးပြိုင်ပွဲတွေရဲ့ တာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေကိုယ်တိုင် သဘောမကျမှုတွေကြောင့် ပြိုင်ပွဲကို ရှေ့ဆက်တိုးဖို့က ခက်ခဲနေရပြီး ဒီလို အခြေအနေကနေ ရအောင် ဆက်လုပ်မယ်ဆိုရင် စူပါလိဂ်ရဲ့ Founder တွေထဲက တစ်သင်းအပါအဝင်ဖြစ်တဲ့ ဂျုဗင်တပ်စ်ကို စီးရီးအေပြိုင်ပွဲကနေ ထုတ်ပယ်မယ်လို့ ရာဇသံပေးလိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : BBC

ကမ္ဘာပေါ်မှာ ဘောလုံးပရိသတ်တွေ အားပေးမှုအများဆုံး ရရှိနေတဲ့ ဥရောပထိပ်တန်း ဘောလုံးကလပ်တွေသာ ပါဝင်ဆင်နွဲသွားမယ့် စူပါလိဂ်ပြိုင်ပွဲကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာအသင်းတွေနဲ့အတူ ပူးပေါင်း ကြီးမှူးတင်ဆက်ဖို့ စီစဉ်နေတဲ့ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းအနေနဲ့ စူပါလိဂ်ကို ပါဝင်ဖို့ စီစဉ်နေဦးမယ်ဆိုရင် စီးရီးအေပြိုင်ပွဲကနေပါ ဖယ်ရှားသွားမယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဂါဘရီလီဂရာဗီနာက ပြင်းပြင်းထန်ထန်ကို သတိပေးသွားခဲ့ပါတယ်။

Photo Credit : Ruetir

စူပါလိဂ်ပြိုင်ပွဲဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေ ခွဲထွက်ပြီး ကျင်းပမယ့် ပြိုင်ပွဲမျိုးဖြစ်တဲ့အပြင် ဝင်ရောက်ဆင်နွဲမယ့် ကလပ်အသင်းတိုင်းအတွက်ကိုလည်း ဆုကြေးငွေ မြင့်မားစွာ ချီးမြှင့်သွားဖို့ ရှိနေတာကြောင့် ကိုဗစ်ဂယက်အတွင်း အသင်းဘဏ္ဍာရေး ဟန်ချက်မညီခဲ့ရတဲ့ အသင်းတွေက စူပါလိဂ်ပြိုင်ပွဲကို စိတ်ဝင်စားလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲ မပေါ်ပေါက်လာရေးကို ဘောလုံးနယ်ပယ်အတွင်း အားတတ်သရော ဆောင်ရွှက်ခဲ့တဲ့အတွက် ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့ ပြင်ဆင်ထားတဲ့ အသင်းတွေအားလုံး ထွက်ခွာသွားခဲ့သလို ပြိုင်ပွဲကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။ ပြိုင်ပွဲကို မကျင်းပခင်မှာပဲ ကျင်းပဖို့ ရပ်ဆိုင်းထားခဲ့ရပေမယ့် စူပါလိဂ်ရဲ့ ကြီးမှူးသူ (၃)သင်းဖြစ်တဲ့ ရီးယဲလ် ဘာစီလိုနာနဲ့ ဂျုဗီတို့က ပြိိုင်ပွဲကို ပြန်လည်အသက်သွင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်နေတဲ့အတွက် စူပါလိဂ် အဖွဲ့ဝင်ဖြစ်နေတဲ့ ဂျုဗင်တပ်စ်အသင်းကို အီတလီဘောလုံးအဖွဲ့ချုပ်ကနေ အခုလို ကြီးမားပြင်းထန်တဲ့ ရာဇသံမျိုး ထုတ်ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။

Exit mobile version