မေန႔ညက ကစားသြားခဲ႔တဲ႔ အင္တာမီလန္အသင္းနဲ႔ အတၱလန္တာအသင္းတုိ႔ရဲ႕ စီးရီးေအပြဲစဥ္မွာ အင္တာတုိ႔ ႏုိင္ပြဲမရခဲ႔ပဲ သေရတစ္မွတ္ပဲရခဲ႔တာကုိ အခြင့္အေရးယူသြားဖုိ႔ လုိအပ္ေနတဲ႔ ဂ်ဳဗင္တပ္စ္အသင္းဟာ ဒီေန႔ညမွာ စီးရီးေအရဲ႕အသင္းႀကီးတစ္သင္းျဖစ္တဲ႔ ရုိးမားအသင္းနဲ႔ အေဝးကြင္းမွာ ပြဲက်ပ္ရင္ဆုိင္ကစားခဲ႔ရၿပီး ဂ်ဳဗင္တပ္စ္အသင္းက အေဝးကြင္းမွာ ၁ဂုိး၂ဂုိးနဲ႔ အႏုိင္ယူၿပီး ပထမေနရာကုိ ျပန္လည္တတ္လွမ္းႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

စီးရီးေအရဲ႕လက္ရွိခ်န္ပီယံ ဂ်ဳဗင္တပ္စ္အသင္းက ၄-၃-၁-၂ ကစားကြက္သုံးစြဲလာခဲ႔ၿပီး ေရာ္နယ္ဒုိ ဒီဘားလား ရမ္ေဆး ပီယာနစ္ ရာဘီေအာ့ မာတြီဒီ ဆန္ဒရုိ ကြာဒရာဒုိ ဘႏူခ်ီ ဒီမီရယ္ ရွက္ဇနီတုိ႔နဲ႔ ပြဲထြက္လာခဲ႔သလုိ အိမ္ရွင္ရုိးမားအသင္းဘက္မွာလည္း ဂ်က္ကုိ ပယ္လီဂရီနီ ဇာနီအုိလုိ ပေရာ့တီ ကုိလာေရာ့ စေမာလင္းတုိ႔လုိ အဓိကအစုံအလင္ ပါဝင္လာခဲ႔ပါတယ္။ ပြဲက အႀကိတ္အနယ္ရင္ဆုိင္ကစားၿပီး အျပန္အလွန္သြင္းဂုိးေတြ ျမင္ရႏုိင္ဖြယ္ရွိတယ္လုိ႔ ပြဲမစခင္မွာ ႀကိဳတင္သုံးသပ္ထားမိေပမယ့္လည္း ပထမပုိင္းစတင္ၿပီး ၁၀မိနစ္အတြင္းမွာ ဧည့္သည္ဂ်ဳဗင္တပ္စ္အသင္းက ၂ဂုိးျပတ္နဲ႔ အံ့အားသင့္စဖြယ္ စတင္ဦးေဆာင္ခဲ႔ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာ ရုိးမားအသင္းရဲ႕ ထုိးေဖာက္မႈေတြကို ဆက္တုိက္ျမင္ေတြ႕ခဲ႔ရပါတယ္။ ဂ်ဳဗင္တပ္စ္အတြက္ အဖြင့္ဂုိးကုိ ေနာက္ခံလူဒီမီရယ္က ၅မိနစ္မွာ သြင္ယူခဲ႔တာျဖစ္ၿပီး ဒုတိယဂုိးကုိေတာ့ ေရာ္နယ္ဒုိက ၁၀မိနစ္မွာ ပင္နယ္တီကေနတစ္ဆင့္ သြင္းယူေပးခဲ႔ပါတယ္။ ရုိးမားကေတာ့ ပထမပုိင္းမွာ ဂ်ဳဗင္တပ္စ္ထက္ တုိက္စစ္ကုိ ပုိလုိက္ပါကစားႏုိင္ၿပီး ပင္နယ္တီကန္ခြင့္ အခြင့္အေရးေတြကုိလည္း ဒုိင္ကခြင့္မျပဳခဲ႔လုိ႔ နစ္နာခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာလည္း အိမ္ရွင္ကပဲ ေခ်ပဂုိးေတြ သြင္းယူႏုိင္ဖုိ႔အတြက္ ဂ်ဳဗင္တပ္စ္အသင္းကုိ ေတာက္ေလွ်ာက္ဖိအားေပးခဲ႔ၿပီး ၆၈မိနစ္အေရာက္မွာေတာ့ ဧရိယာထဲမွာ ဆန္ဒရုိလက္ထိတယ္ဆုိၿပီး ပင္နယ္တီသတ္မွတ္ေပးရာ ပေရာ့တီက ေခ်ပဂုိးအျဖစ္ ေျပာင္းလဲႏုိင္ခဲ႔ပါတယ္။ ဒီဂုိးရၿပီး ဆယ္မိနစ္ခန္႔ေလာက္မွာပဲ ဂ်ဳဗင္တပ္စ္က ေရာ္နယ္ဒုိ ဟီဂြာအင္တြဲလုံးကေန တတိယဂုိးကုိ ဟီဂြာအင္သြင္းယူႏုိင္ခဲ႔ေပမယ့္လည္း ေရာ္နယ္ဒုိက ဟီဂြာအင္ဆီ ေဘာလုံးပုိ႔ေပးခဲ႔စဥ္မွာကတည္းက လူကြ်ံေနခဲ႔တာျဖစ္လုိ႔ ပယ္ဖ်က္ခဲ႔ေပမယ့္လည္း ရုိးမားဘက္ကေန ေနာက္ထပ္သြင္းဂုိးေတြ ဆက္လက္မသြင္းယူႏုိင္ေတာ့လုိ႔ ဂ်ဳဗင္တပ္စ္ကပဲ ေရာမေျမမွာ ႏုိင္ပြဲရသြားခဲ႔ရတာျဖစ္ပါတယ္။

(Unicode)

ရောမမှာ အမှတ်ပြည့်ရယူပြီး အင်တာရဲ့ခြေချော်မှုကို အသုံးချနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်

မနေ့ညက ကစားသွားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်မှာ အင်တာတို့ နိုင်ပွဲမရခဲ့ပဲ သရေတစ်မှတ်ပဲရခဲ့တာကို အခွင့်အရေးယူသွားဖို့ လိုအပ်နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့ညမှာ စီးရီးအေရဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့ ရိုးမားအသင်းနဲ့ အဝေးကွင်းမှာ ပွဲကျပ်ရင်ဆိုင်ကစားခဲ့ရပြီး ဂျုဗင်တပ်စ်အသင်းက အဝေးကွင်းမှာ ၁ဂိုး၂ဂိုးနဲ့ အနိုင်ယူပြီး ပထမနေရာကို ပြန်လည်တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းက ၄-၃-၁-၂ ကစားကွက်သုံးစွဲလာခဲ့ပြီး ရော်နယ်ဒို ဒီဘားလား ရမ်ဆေး ပီယာနစ် ရာဘီအော့ မာတွီဒီ ဆန်ဒရို ကွာဒရာဒို ဘနူချီ ဒီမီရယ် ရှက်ဇနီတို့နဲ့ ပွဲထွက်လာခဲ့သလို အိမ်ရှင်ရိုးမားအသင်းဘက်မှာလည်း ဂျက်ကို ပယ်လီဂရီနီ ဇာနီအိုလို ပရော့တီ ကိုလာရော့ စမောလင်းတို့လို အဓိကအစုံအလင် ပါဝင်လာခဲ့ပါတယ်။ ပွဲက အကြိတ်အနယ်ရင်ဆိုင်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ဖွယ်ရှိတယ်လို့ ပွဲမစခင်မှာ ကြိုတင်သုံးသပ်ထားမိပေမယ့်လည်း ပထမပိုင်းစတင်ပြီး ၁၀မိနစ်အတွင်းမှာ ဧည့်သည်ဂျုဗင်တပ်စ်အသင်းက ၂ဂိုးပြတ်နဲ့ အံ့အားသင့်စဖွယ် စတင်ဦးဆောင်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ ရိုးမားအသင်းရဲ့ ထိုးဖောက်မှုတွေကို ဆက်တိုက်မြင်တွေ့ခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အတွက် အဖွင့်ဂိုးကို နောက်ခံလူဒီမီရယ်က ၅မိနစ်မှာ သွင်ယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ရော်နယ်ဒိုက ၁၀မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ ရိုးမားကတော့ ပထမပိုင်းမှာ ဂျုဗင်တပ်စ်ထက် တိုက်စစ်ကို ပိုလိုက်ပါကစားနိုင်ပြီး ပင်နယ်တီကန်ခွင့် အခွင့်အရေးတွေကိုလည်း ဒိုင်ကခွင့်မပြုခဲ့လို့ နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ကပဲ ချေပဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ဂျုဗင်တပ်စ်အသင်းကို တောက်လျှောက်ဖိအားပေးခဲ့ပြီး ၆၈မိနစ်အရောက်မှာတော့ ဧရိယာထဲမှာ ဆန်ဒရိုလက်ထိတယ်ဆိုပြီး ပင်နယ်တီသတ်မှတ်ပေးရာ ပရော့တီက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီဂိုးရပြီး ဆယ်မိနစ်ခန့်လောက်မှာပဲ ဂျုဗင်တပ်စ်က ရော်နယ်ဒို ဟီဂွာအင်တွဲလုံးကနေ တတိယဂိုးကို ဟီဂွာအင်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ရော်နယ်ဒိုက ဟီဂွာအင်ဆီ ဘောလုံးပို့ပေးခဲ့စဉ်မှာကတည်းက လူကျွံနေခဲ့တာဖြစ်လို့ ပယ်ဖျက်ခဲ့ပေမယ့်လည်း ရိုးမားဘက်ကနေ နောက်ထပ်သွင်းဂိုးတွေ ဆက်လက်မသွင်းယူနိုင်တော့လို့ ဂျုဗင်တပ်စ်ကပဲ ရောမမြေမှာ နိုင်ပွဲရသွားခဲ့ရတာဖြစ်ပါတယ်။