MySport Myanmar

ကက်ဂလီယာရီ နောက်ခံလူ ဘယ်လာနိုဗာကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဂျူဗင်တပ်

အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ဟာ အသင်းရဲ့ အားနည်းနေတဲ့ နောက်ခံအစွန် နေရာတွေ အတွက် ကက်ဂလီယာရီနဲ့အတူ တောက်ပနေတဲ့ နောက်ခံလူ ဘယ်လာနိုဗာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီ ယူ-၂၁ လက်ရွေးစင် ညာနောက်ခံလူ ဘယ်လာနိုဗာဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ပြင်သစ်ကလပ် ဘော်ဒိုးကနေ ကက်ဂလီယာရီထံ တရာသီအငှား+ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ကက်ဂလီယာရီ အတွက် ပုံမှန် ပွဲထွက်ခွင့် ရနေကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားခွင့် ရထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Calcio Mercato

ညာခြေအားသန် ကစားသမား တဦး ဖြစ်တဲ့ ဘယ်လာနိုဗာဟာ အရပ်အမောင်း မြင့်မားသလို လျင်မြန်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ယခုနှစ် အီတလီ စီးရီးအေ ဘောလုံးရာသီရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆယ်ဦးစာရင်းထဲ ပါဝင်နေသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဂျူဗင်တပ် အပါအဝင် စီးရီးအေရဲ့ အင်အားကြီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

အဆိုပါအသင်းတွေ အနက် ဂျူဗင်တပ်ကတော့ ဘယ်လာနိုဗာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပြီး ကက်ဂလီယာရီက ဘယ်လာနိုဗာကို အပြီးသတ် ခေါ်ယူခဲ့ပါက ကက်ဂလီယာရီဆီ ကနေ တဆင့် ပြန်လည် ဝယ်ယူဖို့ ဘယ်လာနိုဗာရဲ့ အေးဂျင့်နဲ့ပါ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Calcio Mercato

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနကလည်း ဂျူဗင်တပ်ဟာ ဘယ်လာနိုဗာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့ပြီး ဂျူဗင်တပ်က ဘယ်လာနိုဗာကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကာ ကက်ဂလီယာရီကလည်း ဘယ်လာနိုဗာကို တဆင့် ပြန်လည် ရောင်းချဖို့ စဉ်းစားနေကြောင်း ဆိုပါတယ်။

Exit mobile version